BBC navigation

မာလီမှာ ပြင်သစ်က လေကြောင်းက တိုက်ခိုက်ဆဲ

နောက်ဆုံး ရေးသားချိန် 15 ဇန်နဝါရီလ 2013 - 23:42 GMT
mali_french_vehicles

ပြင်သစ် တိုက်လေယာဉ်များ

မာလီ နိုင်ငံမှာတော့ သူပုန်တွေရဲ့ ခြေကုတ်ယူရာ နေရာတွေကို ပြင်သစ် တိုက်လေယာဉ် တွေက လေကြောင်းကနေ ဆက်လက် တိုက်ခိုက် နေခဲ့ပါတယ်။

မာလီ နိုင်ငံ မြောက်ပိုင်းရဲ့ ဒေသတော်တော် များများကို ထိန်းချုပ်ထားပြီး ဖြစ်တဲ့ အစ္စလာမ်မစ် လက်နက်ကိုင် တွေရဲ့ အရေးပါတဲ့ ခြေကုတ်စခန်း ဖြစ်တဲ့ ဂါအိုမြို့ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် ဂါအို လေဆိပ်ကို ထိမှန် ခဲ့သလို သူပုန် တော်တော်များများ ဟာလည်း မြို့ကို စွန့်ခွာ သွားခဲ့ကြတယ်လို့ မျက်မြင် သက်သေတွေက ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး ပြင်သစ် သံချပ်ကာကား တွေဟာလည်း မာလီ မြို့တော် ဘမ်မကို ကနေ သူပုန်တွေ ထိန်းချုပ် ထားတဲ့ ဒေသတွေကို ဦးတည် ထွက်ခွာ သွားကြပြီ ဖြစ်ပါတယ်။

ပြင်သစ်ရဲ့ လေကြောင်း တိုက်ခိုက်မှု တွေဟာ နောက်ထပ် ပြုလုပ် သွားဖို့ ရှိနေတဲ့ ဒီထက် ပိုပြီး ကြီးမားတဲ့ ထိုးစစ်အတွက် ကြိုတင်ပြင်ဆင် နေမှုဖြစ်တယ်လို့ အဲဒီ မာလီက ဘီဘီစီ သတင်းထောက် က သတင်းပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။