BBC navigation

ပါကစ္စတန် ဝန်ကြီးချုပ်ကို ဖမ်းဆီးမိန့်ထုတ်

နောက်ဆုံး ရေးသားချိန် 15 ဇန်နဝါရီလ 2013 - 17:39 GMT

ဝန်ကြီးချုပ်ကို ဖမ်းဆီးဖို့ အမိန့် ထွက်လာချိန် မှာတော့၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆန္ဒပြသူတွေ အောင်ပွဲခံ

ပါကစ္စတန် ဝန်ကြီးချုပ် ရာဂျာ ပါဗက်ဇ် အက်ရှ်ရက်ဖ် ကို အဂတိ လိုက်စားမှု စွဲချက် တွေနဲ့ ဖမ်းဆီးဖို့ ပါကစ္စတန် တရားရုံးချုပ် ကနေ အမိန့် ထုတ်ပြန် လိုက် ပါတယ်။

မစ္စတာ အက်ရှ်ရက်ဖ် အနေနဲ့ ရေနဲ့စွမ်းအင် ဝန်ကြီး အဖြစ် တာဝန်ယူ ခဲ့စဉ် အချိန်က သူဟာ တခြား အရာရှိ ၁၅ ဦးနဲ့ အတူ ပုဂ္ဂလိက စွမ်းအင် ကုမ္ပဏီတွေ ကနေ လာဘ်စား ခဲ့တယ် ဆိုပြီး စွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။

ပါကစ္စတန် မြို့တော် အစ္စလာမ်မာဘတ် မှာ လူပေါင်း ထောင်သောင်း ချီပြီး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆန္ဒပြမှုတွေ အကြီး အကျယ် ဆက်လက် ဖြစ်ပွား နေချိန် မှာပဲ အခုလို ဖမ်းဆီးမိန့် ထုတ်ပြန် လိုက်တာပါ။

ဆန္ဒပြသူတွေက လက်ရှိ အစိုးရ နှုတ်ထွက်ပေးရေး အထိ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကို ဖမ်းဆီးဖို့ အမိန့် ထွက်လာချိန် မှာတော့၊ ဆူနီ ဘာသာရေး ဆရာ တဟီရာ အူးလ် ကာဒါရီ ဦးဆောင်တဲ့ ဆန္ဒပြသူ လူအုပ်ကြီးဟာ ပျော်ရွှင်စွာ ဝိုင်းအော်ခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။