BBC navigation

အလက်ပို တက္ကသိုလ်ထဲ ဗုံးပေါက်ကွဲ

နောက်ဆုံး ရေးသားချိန် 15 ဇန်နဝါရီလ 2013 - 23:37 GMT
university_in_aleppo_syria

ဗုံးကွဲလို့ ပျက်ဆီးခဲ့တဲ့ အလက်ပို တက္ကသိုလ်

ဆီးရီးယား နိုင်ငံက အလက်ပို တက္ကသိုလ်မှာ ကျောင်းသားတွေ စာမေးပွဲ ဖြေနေ ကြစဉ်မှာ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့တဲ့ အတွက် လူပေါင်း ၈၀ ထက်မနည်း သေဆုံး သွားခဲ့ ရတယ်လို့ အတိုက် အခံတွေ ဘက်ကရော အစိုးရ ဘက်က ပါပြော ပါတယ်။

အင်တာနက် ပေါ်မှာ တင်ထားတဲ့ ဗီဒီယို တွေထဲမှာဆိုရင် တက္ကသိုလ် အဆောင်တခုရဲ့ အဝင်မျက်နှာစာ တခုလုံး ပျက်စီးသွားတာတွေ နဲ့ အလောင်းတွေ လမ်းပေါ်မှာ ပြန့်ကျဲ နေတာတွေကို တွေ့မြင် ရပါတယ်။

အစိုးရ အတိုက်အခံ တွေနဲ့ မျက်မြင် သက်သေ တွေက အစိုးရ တိုက်လေယာဉ် တွေက ချလိုက်တဲ့ ဗုံးကြောင့် အခုလို ဖြစ်ခဲ့တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

အတိုက်အခံ တွေဘက်ကတော့ အစိုးရ တိုက်လေယာဉ် တွေက ဗုံး ၂ လုံး ကြဲချ ခဲ့တယ်လို့ပြောပါတယ်။ အဲဒီ ဗုံးတွေထဲက ဒုတိယ တလုံး ကျရောက် ပေါက်ကွဲ ခဲ့တာကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို အတိုက်အခံ တွေဘက်က အင်တာနက် ပေါ်မှာတင်ထားပါတယ်။

ဆီးရီးယား အစိုးရ ဘက်ကတော့ အခုဖြစ်ရပ် နဲ့ ပတ်သက်လို့ သူပုန်တွေကို အပြစ်ဖို့ ထားပါတယ်။

လနဲ့ ချီပြီး တိုက်ပွဲတွေ ဖြစ်နေတဲ့ ဆီးရီးယား ရဲ့ ဒုတိယ မြို့တော်ဖြစ်တဲ့ အလက်ပိုမှာ အခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ အလက်ပို တက္ကသိုလ်ကို လုံခြုံမှု အရှိဆုံး နေရာတခု အဖြစ် သတ်မှတ်ထား ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။