BBC navigation

နယူးယောက်ပြည်နယ်မှာ သေနတ်ဥပဒေ ပြဋ္ဌာန်း

နောက်ဆုံး ရေးသားချိန် 15 ဇန်နဝါရီလ 2013 - 23:45 GMT
us_guns

အမေရိကန်က သေနတ်အရောင်းဆိုင် တဆိုင်

အမေရိကန် ပြည်ထောင်စုက နယူးယောက် ပြည်နယ် မှာတော့ သေနတ် ပိုင်ဆိုင်ခွင့် အတွက် တင်းကျပ်တဲ့ ဥပဒေကို ပြဋ္ဌာန်း လိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ လက ဖြစ်ခဲ့တဲ့ ကွန်နက်တီကတ် ပြည်နယ်က မူလတန်း ကျောင်းမှာ အစုလိုက် အပြုံလိုက် ပစ်ခတ် သတ်ဖြတ်ခံရမှု နောက်ပိုင်းမှာ ပထမဆုံး အကြိမ် သေနတ် ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ထိန်းချုပ် လိုက်တာပဲ ဖြစ်ပါတယ်။

နယူးယောက် ပြည်နယ် လွှတ်တော် ၂ ရပ်စလုံးက ခပ်မြန်မြန် အတည်ပြု ပေးလိုက်တဲ့ ဒီဥပဒေ သစ်ထဲမှာ ဆိုရင် ခြေမှုန်းရေး ရိုင်ဖယ် သေနတ်မျိုးတွေ ဝယ်ယူမှုတွေကို ကန့်သတ်တာ၊ ကျည်ဆံနဲ့ ခဲယမ်းတွေ ရဲ့ အရွယ် အစားနဲ့ ပတ်သက်လို့ ကန့်သတ်တာ နဲ့ စိတ်ရောဂါ အခံ ရှိသူတွေ သေနတ် ဝယ်ယူ ကိုင်ဆောင် နိုင်ခွင့် တွေနဲ့ ပတ်သက်လို့ ပိုပြီး တင်းကျပ် ထားတာ မျိုးတွေ ပါဝင် ပါတယ်။

နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုက သေနတ်ပိုင်ဆိုင် ခွင့်တွေနဲ့ ပတ်သက်လို့ အဓိပ္ပါယ်မဲ့ ဖြစ်နေခဲ့တာဟာ နှစ်ပေါင်း မနည်းတော့ဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။