BBC navigation

အယ်လ်ဂျီးရီးယား ရေနံလုပ်ကွက် တိုက်ခိုက်ခံရ

နောက်ဆုံး ရေးသားချိန် 16 ဇန်နဝါရီလ 2013 - 18:03 GMT

အစ္စလာမ်မစ် စစ်သွေးကြွတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ Amenas Gas လုပ်ငန်းခွင်

အယ်လ်ဂျီးရီးယား တောင်ပိုင်းမှာရှိတဲ့ ရေနံလုပ်ကွက်တခုကို အကြမ်းဖက်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

BP ရေနံ ကုမ္ပဏီနဲ့ အကျိုးတူလုပ်ဆောင်နေတဲ့ အဲဒီ ရေနံသိုလှောင်နေရာကို အစ္စလာမ်မစ် စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ပြီး အလုပ်သမား တချို့ကိုလည်း ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့တယ်လို့ အယ်လ်ဂျီးရီးယားမှာရှိတဲ့ သံတမန်အသိုင်းအဝိုင်းက ပြောဆိုနေပါတယ်။

BP ကုမ္ပဏီကလည်း အခုကိစ္စကို အတည်ပြုလိုက်ပြီး လန်ဒန်စံတော်ချိန် မနက် ၅ နာရီလောက်မှာ တိုက်ခိုက်ခံရတာလို့ ပြောကြားခဲ့ပါတယ်။

အယ်လ်ဂျီးရီးယား အာဏာပိုင်တွေကလည်း ဒီကိစ္စအတွက် လုပ်ဆောင်နေသလို ပြင်သစ်၊ ဂျပန်၊ ဗြိတိသျှ နဲ့ အိုင်ယာလန် အာဏာပိုင်တွေကလည်း သူ့တို့ရဲ့ နိုင်ငံသားတွေ ပြန်ပေးဆွဲခံခဲ့ရတာကြောင့် စုံစမ်းမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

မာလီက အစ္စလာမ်မစ် စစ်သွေးကြွတွေကတော့ ပြင်သစ်ရဲ့ ထိုးစစ်ဆင်မှုတွေအတွက် လက်တုံ့ပြန်မယ်လို့ ခြိန်းခြောက်ထားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။