BBC navigation

အယ်လ်ဂျီးရီးယား ရေနံလုပ်ကွက် တိုက်ခိုက်ခံရ

နောက်ဆုံး ရေးသားချိန် 16 ဇန်နဝါရီလ 2013 - 19:04 GMT

အစ္စလာမ်မစ် စစ်သွေးကြွတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ Amenas Gas လုပ်ငန်းခွင်

အယ်လ်ဂျီးရီးယား တောင်ပိုင်းမှာ ရှိတဲ့ ရေနံ လုပ်ကွက် တခုကို အကြမ်းဖက် သမားတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ် လို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။

BP ရေနံ ကုမ္ပဏီနဲ့ အကျိုးတူ လုပ်ဆောင်နေတဲ့ အဲဒီ ရေနံသိုလှောင် နေရာကို အစ္စလာမ်မစ် စစ်သွေးကြွ တွေက တိုက်ခိုက် ခဲ့ပြီး အလုပ်သမား တချို့ကိုလည်း ပြန်ပေးဆွဲ ခေါ်ဆောင် သွားခဲ့တယ်လို့ အယ်လ်ဂျီးရီးယားမှာ ရှိတဲ့ သံတမန်အသိုင်းအဝိုင်းက ပြောဆိုနေပါတယ်။

BP ကုမ္ပဏီကလည်း အခုကိစ္စကို အတည် ပြုလိုက်ပြီး လန်ဒန် စံတော်ချိန် မနက် ၅ နာရီ လောက်မှာ တိုက်ခိုက်ခံ ရတာလို့ ပြောကြားခဲ့ပါတယ်။

အယ်လ်ဂျီးရီးယား အာဏာပိုင် တွေကလည်း ဒီကိစ္စအတွက် လုပ်ဆောင် နေသလို ပြင်သစ်၊ ဂျပန်၊ ဗြိတိသျှ နဲ့ အိုင်ယာလန် အာဏာပိုင်တွေ ကလည်း သူ့တို့ရဲ့ နိုင်ငံသားတွေ ပြန်ပေးဆွဲခံ ခဲ့ရတာကြောင့် စုံစမ်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

မာလီက အစ္စလာမ်မစ် စစ်သွေးကြွတွေ ကတော့ ပြင်သစ်ရဲ့ ထိုးစစ်ဆင်မှုတွေ အတွက် လက်တုံ့ ပြန်မယ်လို့ ခြိန်းခြောက် ထားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။