BBC navigation

အယ်လ်ဂျီးရီးယားမှာ စစ်သွေးကြွတွေက နိုင်ငံခြားသားဓားစာခံတွေ ဖမ်းထား

နောက်ဆုံး ရေးသားချိန် 17 ဇန်နဝါရီလ 2013 - 00:22 GMT
algeria_attack

အစ္စလာမ်မစ် စစ်သွေးကြွတွေ တိုက်ခိုက်သိမ်းပိုက် ထားတဲ့ စက်ရုံ

အယ်လ်ဂျီးရီးယား နိုင်ငံ အရှေ့ပိုင်းမှာ ရှိတဲ့ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး စက်ရုံကို အစ္စလာမ်မစ် စစ်သွေးကြွ တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး အဲဒီမှာရှိတဲ့ နိုင်ငံခြားသား တွေကို ဓားစာခံအဖြစ် ဖမ်းဆီးလိုက်ပါတယ်။

အဲဒီမှာ တခြား နိုင်ငံခြားသား ၂ ဦးကတော့ အသက်ဆုံးရှုံး ခဲ့ရတယ်လို့ အယ်လ်ဂျီးရီးယား သတင်းဌာနက ပြောပါတယ်။

အခုတော့ ဒီစက်ရုံတွေကို အယ်လ်ဂျီးရီးယား လုံခြုံရေး တပ်ဖွဲ့တွေက ဝန်းရံထားပါတယ်။

အခု ဓားစာခံ အဖြစ် အဖမ်းခံထား ရသူတွေထဲမှာ ဗြိတိသျှ၊ အမေရိကန်နဲ့ ဂျပန် လူမျိုးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အယ်လ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့နဲ့ အဆက်အသွယ် ရှိတဲ့ အဖွဲ့တခုရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီမှာ ဓားစာခံ ၄၁ ယောက် ရှိနေတယ်လို့ ဆိုထားပါတယ်။

အခုလို လုပ်ရတာဟာ အယ်လ်ဂျီးရီးယား နဲ့ အိမ်နီးချင်း မာလီ နိုင်ငံထဲမှာ အစ္စလာမ်မစ် စစ်သွေးကြွ တွေကို ပြင်သစ် တပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ တွေကို အယ်လ်ဂျီးရီးယားက အကူအညီ ပေးခဲ့တဲ့ အတွက် အခုလို တုန့်ပြန်တာ ဖြစ်တယ်လို့လည်း အဲဒီစာထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အယ်လ်ဂျီးရီးယား ပြည်ထဲရေး ဝန်ကြီး ဒါဟို အိုလ်ဒ် ခါဘာလာက ဒီစစ်သွေးကြွ တွေက နိုင်ငံထဲ ကနေ ဓားစာခံ တွေနဲ့ ထွက်သွား ချင်ကြတဲ့ အကြောင်းနဲ့ အယ်လ်ဂျီးရီးယား အစိုးရ ဘက်က ဒါကို လုံးဝ လက်မခံ နိုင်ကြောင်း၊ အခု ဘာဆက် လုပ်မယ် ဆိုတာကို မဆုံးဖြတ်ရ သေးကြောင်း၊ နယ်စပ်တွေ ကိုတော့ ပိတ်ထားပြီး ဖြစ်တဲ့ အကြောင်း တွေကို ပြောကြား သွားခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။