BBC navigation

လန်ဒန်မြို့လည်မှာ ရဟတ်ယာဉ် ပျက်ကျ

နောက်ဆုံး ရေးသားချိန် 16 ဇန်နဝါရီလ 2013 - 19:26 GMT

ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့နေရာမှာ မီးလောင်ကျွမ်းနေစဉ်

လန်ဒန်မြို့လည်က Vauxhall မြေအောက် ရထားဘူတာရုံအနီး ဗုဒ္ဓဟူးနေ့မနက် အလုပ်သွား ကျောင်းသွားချိန်အတွင်းမှာ ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့လို့ လူ ၂ ဦး သေဆုံးခဲ့ပြီး တ ဦးကတော့ ပိုင်းလော့ဒ် ဖြစ်တယ်လို့ လန်ဒန် အရေးပေါ်ဌာနက ပြောပါတယ်။

တခြား လူ ၉ ဦးလည်း ဒါဏ်ရာရခဲ့ပြီး အဲဒီအထဲက တဦးက စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဗြိတိန် ရဲက ပြောပါတယ်။

အဲဒီ ရဟတ်ယာဉ်ဟာ အနီးအနားက ဆောက်လုပ်နေတဲ့ အဆောက်အအုံမှာ ချိတ်စွဲထားတဲ့ ကရိန်းနဲ့ တိုက်မိပြီး ပျက်ကျသွားတာ ဖြစ်ပါတယ်။

ဒီရဟတ်ယာဉ်ပျက်ကျခဲ့လို့ မီးခိုးအုံကြီး တခုကို သိမ်းစ်မြစ်နားက Vauxhall မြေအောက် ရထားဘူတာရုံအနီးမှာ ထွက်ပေါ်လာတာခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။