BBC navigation

ပြင်သစ်တပ်တွေ မြေပြင်စစ်ဆင်မည်

နောက်ဆုံး ရေးသားချိန် 16 ဇန်နဝါရီလ 2013 - 18:18 GMT

မြေပြင်စစ်ဆင်ရေးအတွက် အသင့်ဖြစ်နေတဲ့ ပြင်သစ် စစ်ကားများ

မာလီက အစ္စလာမ်မစ် စစ်သွေးကြွတွေကို လာမယ့် နာရီပိုင်းအတွင်းမှာ မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်တော့မယ်လို့ ပြင်သစ် စစ်တပ်က သတင်း ထုတ်ပြန်ပါတယ်။

သူပုန်တွေ တပ်စွဲထားတဲ့ မာလီမြောက်ပိုင်းကို တိုက်ခိုက်ဖို့ စစ်ယာဉ်တန်းတွေဟာ မြို့တော် ဘာမာကို ကနေ အင်္ဂါနေ့ညက ထွက်သွားခဲ့ပြီလို့ ပြင်သစ် စစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး အဒ်ဟွာ အီးယိုးက ပြောပါတယ်။

မာလီကို တိုက်ခိုက်ဖို့ သောကြာနေ့က ချခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ တကယ့်ကို လိုအပ်တာ ဖြစ်သလို အချိန်တခုကို စောင့်နေမယ်ဆိုရင် မာလီ တခုလုံး အကြမ်းဖက်သမားတွေရဲ့ လက်ထဲရောက်သွားနိုင်တဲ့ အတွက် ဝင်ရောက်တာ ဖြစ်တယ်လို့ မာလီအရေးကို ပြင်သစ်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ ပတ်သက်ပြီး ပြင်သစ် သမ္မတ ဖရန်စွာ အော်လွန်းက ပြောခဲ့ပါတယ်။

ဒီအချိန်အတောအတွင်းမှာပဲ ဝေဟင် ကနေ ပြင်သစ် လေကြောင်းက ထိုးစစ်တွေ ဆက်ပြီး လုပ်ဆောင်နေပါတယ်။

မာလီက အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ အရင်က မဟာမိတ်ဖြစ်ခဲ့ဘူးတဲ့ Tuareg ခွဲထွက်ရေးအဖွဲ့ MNLA ကလည်း အခုထိုးစစ်မှာ ပြင်သစ်နဲ့ ပူးပေါင်းမယ့် အလားအလာတွေ ရှိနေပါတယ်။

အစ္စလာမ်မစ် စစ်သွေးကြွတွေလက်ထဲ နယ်မြေ အတော်များများ ဆုံးရှုံးခဲ့တဲ့ မာလီ အစိုးရကို ပြင်သစ်က ကူညီတိုက်ခိုက်ပေးနေတာ လည်း ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။