BBC navigation

မာလီတိုက်ပွဲ ပြင်းထန်ဆဲ

နောက်ဆုံး ရေးသားချိန် 17 ဇန်နဝါရီလ 2013 - 22:50 GMT
mali_french_

မာလီနိုင်ငံကို ပြင်သစ်ဝင်ကူ

မာလီနိုင်ငံ မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။ ပြင်သစ်တပ်တွေ ဟာ ဆိုရင် အစ္စလမ်မစ် တပ်တွေ တရှိန်ထိုး တက်လာတာ ကို ခုခံ ဟန့်တား နိုင်အောင် မာလီစစ်တပ် နဲ့ ပူးပေါင်း စစ်ဆင်နေရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် က သိမ်းခဲ့ တဲ့ ဒိုင်ယာဘလီ မြို့ ကို လည်း ဆက်ပြီးထိန်းနိုင်အောင် ပြင်သစ် တပ်တွေ က ဗုံးကြဲနေဆဲ ဖြစ်ပါတယ်။ ကွန်နာမြို့ရှိ အစ္စလမ်မစ် တပ်တွေ ကို လည်း ပြင်သစ်တပ် ဝင်လာနိုင်အောင် မာလီတပ်တွေ က မောင်းထုတ်တိုက်နေရပါတယ်။

ပြင်သစ် ကာကွယ်ရေး ဝန်ကြီး Jean-Yves Le Drian က မာလီနိုင်ငံ မှာ အခုဆိုရင် ပြင်သစ် တပ်အင်အား တထောင့်လေးရာ ရှိနေပြီ လို့ ပြောပါတယ်။ နောက်ထပ် တထောင် တပ်ဆောင်းပေးဖို့ လည်း ရှိပါတယ်။

အာဖရိက အနောက်ဖက် နိုင်ငံ တချို့ ကလည်း တပ်ကူလွှတ်ဖို့ သဘောတူထားပါတယ်။ ဥရောပ နိုင်ငံခြားရေး ဝန်ကြီးတွေ ကလည်း မာလီစစ်တပ် ကို စစ်သင်တန်း ပေးရအောင် သင်တန်းနည်းပြ ၅ဝဝ ကို စေလွှတ်ဖို့ သဘောတူလိုက်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။