BBC navigation

ဓာတ်ငွေ့စက်ရုံ စီးနင်းမှုမှာ ၁၂ ဦး မနည်း သေဆုံးခဲ့ရ

နောက်ဆုံး ရေးသားချိန် 19 ဇန်နဝါရီလ 2013 - 00:27 GMT
_algeria_hostages

စစ်သွေးကြွတွေ စီးနင်းခဲ့တဲ့ ဓာတ်ငွေ့ စက်ရုံ

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အစ္စလာမ်မစ် စစ်သွေးကြွ တွေက သဘာဝ ဓာတ်ငွေ့ စက်ရုံကို ဝင်ရောက် တိုက်ခိုက် စီးနင်း ခဲ့ရာမှာ နိုင်ငံခြားသားနဲ့ အယ်လ်ဂျီးရီးယား လူမျိုး ၁၂ ဦးထက်မနည်း အသက်ဆုံးရှုံး ခဲ့ရတယ်လို့ အယ်လ်ဂျီးရီးယား နိုင်ငံပိုင် သတင်းဌာနက ပြောပါတယ်။

အဲဒီ သေဆုံး ခဲ့ရတဲ့ နိုင်ငံခြားသား တွေထဲက တဦးက ပြင်သစ် နိုင်ငံသား ဖြစ်ကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အယ်လ်ဂျီးရီးယား ဘက်က သတင်းတွေ အရတော့ အဲဒီ စက်ရုံကို ပြန်လည် စီးနင်းစဉ်မှာ စစ်သွေးကြွ ၁၈ ယောက်ထက် မနည်း သေဆုံး ခဲ့သလို နိုင်ငံခြားသား ၃၀ နီးပါးလောက်လည်း ပျောက်နေ သေးတယ်လို့ ဆိုပါတယ်။

အဲဒီကနေ ဓားစာခံ အဖြစ် အဖမ်းခံ ထားရသူ ၁၀၀ ကျော် ကိုတော့ ကယ်တင် နိုင်ခဲ့ ကြပါတယ်။

အဲဒီ စက်ရုံကို ဝင်ရောက် စီးနင်းခဲ့တဲ့ စစ်သွေးကြွ ၃၀ မကရှိပြီး နိုင်ငံ ပေါင်းစုံက လူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

လတ်တလော မှာတော့ အယ်လ်ဂျီးရီးယား အစိုးရ တပ်ဖွဲ့တွေက ကျန်နေ နိုင်သေးတဲ့ စစ်သွေးကြွ တွေနဲ့ ဓားစာခံ တွေကို လိုက်လံ ရှာဖွေ နေကြဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။