BBC navigation

မာလီနိုင်ငံ ဒီယာဘလီမြို့က သူပုန်တွေ ပြန်ဆုတ်သွား

နောက်ဆုံး ရေးသားချိန် 18 ဇန်နဝါရီလ 2013 - 23:59 GMT
france mali

မာလီမှာ တိုက်ခိုက်နေကြတဲ့ ပြင်သစ်တပ်ဖွဲ့ဝင်များ

မာလီ နိုင်ငံမှာ အစ္စလာမ်မစ် သူပုန် တွေဟာ တနင်္လာနေ့က သူတို့ သိမ်းယူ ခဲ့တဲ့ ဒီယာဘလီ မြို့ကနေ ပြန်လည် ဆုတ်ခွာ သွားခဲ့ ကြပြီလို့ မာလီ အာဏာပိုင် တွေက ပြောပါတယ်။

ပြင်သစ် တပ်ဖွဲ့တွေ ဘက်က အဲဒီ မြို့ကို ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ခဲ့အပြီးမှာ အခုလို ဆုတ်ခွာ သွားခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေး နေ့ကလည်း မာလီ စစ်တပ်ဘက်က ခိုနာမြို့ကို ပြန်လည် သိမ်းယူ နိုင်ခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီက အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ သတင်းတွေ ရတဲ့ အကြောင်း ပြောပါတယ်။

ဒုက္ခသည်တွေက သူတို့ကို အသက် သတ်တာတွေ၊ ကိုယ်လက် အင်္ဂါတွေကို ဖြတ်တောက် တာတွေနဲ့ ကလေးစစ်သား စုဆောင်းမှု လုပ်တာတွေ ကြုံတွေ့ ခဲ့ရကြောင်း ပြောကြတယ်လို့ ဆိုပါတယ်။

UNHCR ရဲ့ အဆို အရတော့ ရှိပြီးသား စစ်ပြေး ဒုက္ခသည် ၄ သိန်း အပြင် နောက်ထပ် လူပေါင်း ၇ သိန်းလောက် ထပ်ပြီး ပြေးလာကြရမယ့် အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။