BBC navigation

ဓားစာခံအရေး အယ်လ်ဂျီးရီးယား အစိုးရ ဖြေရှင်းပုံသင့်တော်

နောက်ဆုံး ရေးသားချိန် 20 ဇန်နဝါရီလ 2013 - 00:17 GMT
francois_hollande

ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလောန်း

ပြင်သစ် သမ္မတ ဖရန်ဆွာ အိုလောန်းက သဘာဝ ဓာတ်ငွေ့ စက်ရုံ စီးနင်းမှု အရေးကို အယ်လ်ဂျီးရီးယား အစိုးရက ကိုင်တွယ်ဖြေရှင်း ခဲ့ရာမှာ စိတ်ပိုင်းဖြတ် ထားတဲ့ အကြမ်းဖက် သမားတွေနဲ့ ရင်ဆိုင်ရာမှာ အသင့်တော်ဆုံး နည်းလမ်း တွေကိုသုံးခဲ့ တယ်လို့ ဆိုပါတယ်။

မစ္စတာ အိုလောန်းက အဲဒီ ကိစ္စမှာ ဘယ်လိုမှ စေ့စပ် ဆွေးနွေးလို့ မဖြစ်နိုင်ဘူး လို့လည်း ပြောပါတယ်။

ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး ဖိလစ် ဟမ်မန် ကတော့ အသက်ဆုံးရှုံး မှုတွေ ထပ်ဖြစ်ခဲ့ရ တာကတော့ လက်မခံနိုင်စရာ၊ စိတ်ပျက်စရာ ဖြစ်တဲ့ အကြောင်းနဲ့ ဒီအတွက် အကြမ်းဖက် သမားတွေမှာ တာဝန် ရှိတဲ့ အကြောင်း ပြောပါတယ်။

လန်ဒန်မြို့မှာ ရောက်ရှိနေတဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လီယွန် ပန်နက်တာ ကလည်း အယ်လ်ကာယီးဒါး တွေ ဘယ်မှာပဲ ပုန်းနေပစေ အမေရိကန်က ရအောင် လိုက်ရှာမယ်လို့ ဆိုလိုက်ပါတယ်။

မစ္စတာ ပန်နက်တာက အယ်လ်ကာယီးဒါး တွေသိဖို့က အယ်လ်ဂျီးရီးယား၊ မာလီ စသည်ဖြင့် ကြိုက်တဲ့ နေရာမှာ ပုန်းပါစေ၊ နောက်ထပ် ဒီလို အကြမ်းဖက်မှုတွေ ထပ်လုပ်လို့ မရတော့ကြောင်း နဲ့ သူတို့မှာ ပြေးစရာ မြေမရှိကြောင်း တွေကို ပြောကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။