BBC navigation

မာလီအရေး အာဖရိက ခေါင်းဆောင်တွေ ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 19 ဇန်နဝါရီလ 2013 - 16:18 GMT

ပြင်သစ်နဲ့ မာလီ စစ်သားတွေကို တိုးမြှင့် ကူညီ ရေး ဆွေးနွေး ကြမယ်လို့ မျှော်လင့်ရ

အနောက် အာဖရိက ဒေသ နိုင်ငံတွေက ခေါင်းဆောင် တွေဟာ မာလီ နိုင်ငံက စစ်ရေး ဆောင်ရွက်မှု တွေနဲ့ ပတ်သက်ပြီး အိုင်ဗရီကို့စ် နိုင်ငံ အဘီဂျန် မြို့မှာ ညှိနှိုင်း ဆွေးနွေး မှုတွေ ပြုလုပ်နေ ပါတယ်။

အနောက် အာဖရိက နိုင်ငံ တဒါဇင်က သမ္မတတွေ ဝန်ကြီးချုပ် တွေနဲ့ အတူ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရွန် ဖက်ဗျူ့စ် လည်း ဒီဆွေးနွေးပွဲကို တက်ရောက် နေပါတယ်။

ဒေသတွင်း နိုင်ငံ့ ခေါင်းဆောင် တွေဟာ ပြင်သစ်နဲ့ မာလီ စစ်သားတွေကို ဘယ်လို ကဏ္ဍ ကနေ တိုးမြှင့် ကူညီ ရမလဲ ဆိုတာ ဆွေးနွေး ကြမယ်လို့ မျှော်လင့်ရ ပါတယ်။

နိုင်ဂျီးရီးယားနဲ့ တိုဂို နိုင်ငံတို့က ရာပေါင်း အနည်း ငယ်သော တပ်ဖွဲ့ဝင်တွေ ကတော့ မာလီမှာ ရောက်ရှိ နေပြီ ဖြစ်ပါတယ်။

ဒေသတွင်း နိုင်ငံတွေ ကနေ တပ်ဖွဲ့ အင်အား ၃ ထောင် ကျော် ချထား ပေးမယ်လို့ ကတိပြု ထားတဲ့ အထဲက အနည်းငယ်သာ ချထား ရသေးတာ ဖြစ်ပါတယ်။

လက်နက် ကောင်းကောင်း တပ်ဆင် ထားတဲ့ အစ္စလာမ်မစ် တွေကို အာဖရိက တပ်ဖွဲ့တွေ ကနေ တိုက်ခိုက် နိုင်ပါ့ မလား ဆိုတာ မေးခွန်းထုတ် ပြောဆိုမှုတွေ များလာ နေတယ်လို့ အနောက် အာဖရိက ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။