BBC navigation

မာလီအရေး နိုင်ငံတကာက ပိုကူညီဖို့လိုအပ်

နောက်ဆုံး ရေးသားချိန် 20 ဇန်နဝါရီလ 2013 - 00:26 GMT
mali_summit_africa_

မာလီအရေး ဆွေးနွေးခဲ့တဲ့ အာဖရိက ထိပ်သီးညီလာခံ

မာလီနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အရေး ကိစ္စ တွေကို ဆွေးနွေးဖို့ အိုင်ဗရီကို့စ် နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မြောက်အာဖရိက နိုင်ငံတွေက ခေါင်းဆောင် များရဲ့ ညီလာခံက သူတို့ အခေါ်အရ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲမှာ နိုင်ငံတကာက ပိုမို ပံ့ပိုးကူညီ ပေးသွားဖို့ကို တောင်းဆို လိုက်ပါတယ်။

အိုင်ဗရီကို့စ် သမ္မတ အလက်ဆန်း အော်တာရာက အင်အားကြီး နိုင်ငံတွေက ပိုမိုပြီး ပါဝင် ဆောင်ရွက် ရမယ့် အချိန် ရောက်လာပြီ ဖြစ်ကြောင်း ပြောလိုက်တဲ့ အပြင်၊ ပြင်သစ်နဲ့ အာဖရိက နိုင်ငံ တွေရဲ့ အစ္စလာမ်မစ် စစ်သွေးကြွ တွေကို ချေမှုန်းရေးမှာ နိုင်ငံတကာက ပိုပြီး ပူးပေါင်းလက်တွဲ ကြဖို့ ကိုဖိတ်ခေါ် လိုက်ပါတယ်။

အဲဒီ ထိပ်သီး အစည်းအဝေးကို တက်ရောက် ခဲ့တဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လိုဟောန့် ဖာဗျူ့စ် ကတော့ မကြာခင် ရက်ပိုင်း အတွင်းမှာပဲ မာလီကို နောက်ထပ် အာဖရိက တပ်ဖွဲ့တွေ ရောက်လာမှာ ဖြစ်ပြီး စစ်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်သွား တော့မှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး သူက တကယ်လို့သာ ဒီကိစ္စတွေမှာ ပြင်သစ်က ဝင်မပါခဲ့ရင် ခုချိန်မှာ မာလီနိုင်ငံဆိုတာ ရှိတော့မှာ မဟုတ်ဘူးလို့လည်း ဆိုလိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။