BBC navigation

ရွေးကောက်ပွဲအပြီး စစ်တမ်းတွေအရ နက်တာညာဟု ပြန်နိုင်

နောက်ဆုံး ရေးသားချိန် 23 ဇန်နဝါရီလ 2013 - 01:52 GMT

ယက်ရှ် အတစ် ပါတီသစ်က အမတ်နေရာ အများစုကို ရသွား

အစ္စရေးနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးပြီး ထွက်လာသူတွေကို စစ်တမ်းကောက်ယူခဲ့ချက်တွေအရ ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တာညာဟု ရဲ့ညွန့်ပေါင်း အစိုးရ ပါတီ အာဏာ ပြန်ရဖို့ ရှိကြောင်း၊ ဒါပေမယ့် အမတ်နေရာ အများစု အကြီးအကျယ် လက်လွှတ်လိုက်ရမယ့် အခြေအနေ ရှိကြောင်း သိရပါတယ်။

မစ္စတာ နက်တာညာဟုရဲ့ လီကွဒ် ဘေတန်နု ညွန့်ပေါင်း ပါတီဟာ ရုပ်မြင်သံကြား အစီအစဉ်မှူးဟောင်း ယယ် လာပစ် ဦးဆောင်တဲ့ ပြိုင်ဘက် ဗဟိုဝါဒီ ယက်ရှ် အတစ် ပါတီသစ်ကို အမတ်နေရာ အများစု ရှုံးနိမ့်ခဲ့တာပါ။

ဒါ့အပြင် ဒီရွေးကောက်ပွဲမှာ ချမ်းသာ ကြွယ်ဝတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတဦး ဖြစ်တဲ့ နက်ဖ်တာလီ ဘဲနက် ဦးဆောင်တဲ့ ဘေယစ်တ် ယဟူဒီ လင်္ကျာစွန်း ဘာသာရေးနဲ့ လူမျိုးရေးဝါဒီ ပါတီကလည်း ထောက်ခံမဲ အတော်များများ ရသွားခဲ့ပါတယ်။

မစ္စတာ နက်တာညာဟု က သူ့ပါတီကို မိန့်ကြားတဲ့ အနိုင်ရ အောင်ပွဲခံ မိန့်ခွန်းထဲမှာတော့ သူ့ အစိုးရသစ် အဓိက စိန်ခေါ် ဆောင်ရွက်ရမယ့် ကိစ္စက အီရန်နိုင်ငံ နျူးကလီးယား လက်နက် ပိုင်ဆိုင်မှု တားဆီးရေး ဖြစ်တယ်လို့ ပြောသွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။