BBC navigation

အစ္စရေးနိုင်ငံ ရွေးကောက်ပွဲ ကျင်းပ

နောက်ဆုံး ရေးသားချိန် 22 ဇန်နဝါရီလ 2013 - 15:30 GMT

ကြိုတင် စစ်တမ်း တွေအရ မစ္စတာ နတ်တန်ယာဟုရဲ့ ညွန့်ပေါင်းက အနိုင် မယ်လို့ ပြဆိုနေ

အစ္စရေး နိုင်ငံမှာ အထွေထွေ ရွေးကောက် ပွဲတွေ ကျင်းပ နေရာ ပြည်သူ အများ မဲပေး ခဲ့ကြ ပါတယ်။

ဒီရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဘန်ဂျမင် နတ်တန်ယာဟုက သူ့ရဲ့ တတိယ အကြိမ် ဝန်ကြီးချုပ် သက်တမ်း အတွက် အနိုင်ရမယ်လို့ မျှော်လင့်နေ ပါတယ်။

အဓိက ပါတီကြီးတွေက ခေါင်းဆောင်တွေ ကတော့ မဲပေး ခဲ့ကြပြီး ဖြစ်ပါတယ်။ အများ ပြည်သူတွေ အနေနဲ့လည်း မဲရုံတွေမှာ သွားရောက် မဲပေးကြဖို့ တိုက်တွန်း ထားတဲ့ တယ်လီဖုန်း မက်ဆိတ်ချ်တွေ ကိုလည်း အစိုးရက ပို့ပေးခဲ့ပါတယ်။

ကြိုတင် စစ်တမ်း တွေအရ မစ္စတာ နတ်တန်ယာဟုရဲ့ လက်ညာယိမ်း ညွန့်ပေါင်း အဖွဲ့က အနိုင် ရလိမ့်မယ် ဆိုတာကို ပြဆိုနေပါတယ်။ ဒါပေမယ့် မဟာမိတ် အဖွဲ့ အနေနဲ့ ပါလီမန် အမတ် နေရာတော့ လျော့ကျ သွားဖို့ ရှိနေပါတယ်။

မကြာသေးခင် ရက်ပိုင်းက စစ်တမ်း တွေအရ ကတော့ လက်ရှိ ညွန့်ပေါင်း အစိုးရဟာ ပြိုင်ဖက် လက်ယာစွန်း ပါတီဖြစ်တဲ့ ဟဘိုင်းရစ် ရဟူဒီ လို့ ခေါ်တဲ့ Jewish Home ပါတီ ကို အရေးနိမ့် နေတာ တွေ့ရပါတယ်။

ဒီ ပြိုင်ဖက် ပါတီကို ဦးဆောင်သူ ကတော့ နက်ဖ်တာလီ ဘန်နက် ဖြစ်ပြီး သူဟာ ဂျောဒန်မြစ် အနောက် ဘက်ကမ်းမှာ ပါလက်စတိုင်း နိုင်ငံ ဖြစ်ပေါ် လာမှာကို ဆန့်ကျင်သူ ဖြစ်ပါတယ်။

ပါလက်စတိုင်း နိုင်ငံရေး ခေါင်းဆောင်တွေ ကလည်း ဒီရွေးကောက်ပွဲကို အနီးကပ် စောင့်ကြည့် နေကြပြီး အဲဒီ အထဲက မူဆတာဖာ ဘာဂိုသီ ကတော့ ဒီရွေးကောက်ပွဲ ဟာ အစ္စရေးက လက်ယာစွန်းတွေ၊ လူမျိုးစွဲ အစွန်းရောက် သမားတွေ နဲ့ ဖက်ဆစ် ပါတီတွေ အာဏာ ရဖို့ကို ဦးတည် နေတာ ဖြစ်တယ် လို့ ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။