BBC navigation

အီးယူထဲ ဗြိတိန်ဆက်နေရေး တုံ့ပြန်မှုပြုကြ

နောက်ဆုံး ရေးသားချိန် 24 ဇန်နဝါရီလ 2013 - 00:53 GMT
cameron_304x171_reuters_

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း

ဗြိတိန်နိုင်ငံ အနေနဲ့ ဥရောပ သမဂ္ဂ အီးယူ အတွင်း အဖွဲ့ဝင် အဖြစ်နေရေး ကို ပြန်လည် စေ့စပ်ညှိနှိုင်းမှု ပြုမယ် ဆိုတဲ့ အစီအစဉ် နဲ့ ပတ်သက်ပြီး ဥရောပ နိုင်ငံတွေ ဘက် မှာ ပြင်းထန်တဲ့ တုံ့ပြန်မှု တွေ ထွက်ပေါ် လာပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က ဗြိတိန်နိုင်ငံ ကို အီးယူထဲ ရှိစေချင်ပေမယ့် အီးယူ အနေနဲ့ အပြောင်းအလဲ လုပ်ရမယ် လို့ ဆိုပါတယ်။ တကယ် လို့ သူ့ရဲ့ ကွန်ဆာဗေးတစ် ပါတီ ပြန်လည် အရွေးခံရရင် ၂ဝ၁၈ ခု ဒုတိယ ရာထူးသက်တမ်းမှာ အီးယူ ထဲ နေသင့် မနေသင့် ကို ပြည်သူ့ဆန္ဒ ခံယူမယ့် အကြောင်း ပြောပါတယ်။

ဂျာမန် ဝန်ကြီးချုပ် အင်ဂလာ မာကဲလ် ကတော့ ဗြိတိန် ရဲ့ တောင်းဆိုမှု ကို သူ့ဘက် က ဆွေးနွေးဖို့ အသင့်ရှိကြောင်း ပြောပေမယ့် အီးယူ အဖွဲ့ဝင် နိုင်ငံ အားလုံးနဲ့ သင့်တော်တဲ့ မျှတမှု ရှိတဲ့ အပေးအယူ ရှာဖွေဖို့ လိုကြောင်း ပြောပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius, ကတော့ ဗြိတိန်အနေနဲ့ ဥရောပ ကို အီးယူ ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ကို တော့ လိုက်နာ ရမှာဖြစ်ပြီး ကိုယ် ယူချင်တဲ့အပိုင်းယူ မယူချင်တဲ့ အပိုင်း ထားတဲ့ ကြိုက်သလို လုပ်လို့ မရဘူးလို့ ဆိုပါတယ်။

အီတလီ ဝန်ကြီးချုပ်ကလည်း ဗြိတိန်မှာ ဥရောပ သမဂ္ဂ အီးယူ အတွင်း အဖွဲ့ဝင် အဖြစ်နေရေး ကို ပြည်သူ့ဆန္ဒ ခံယူမယ်ဆိုရင် ဗြိတိန်ပြည်သူတွေ အနေနဲ့ နေရေး ပဲ ထောက်ခံ ကြမယ် ဆိုတာ ကို သူ ကျိန်းသေ ယုံကြည်ကြောင်း ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။