BBC navigation

ထိုင်း မဂ္ဂဇင်းအယ်ဒီတာ ထောင် ၁၀ နှစ်ကျ

နောက်ဆုံး ရေးသားချိန် 23 ဇန်နဝါရီလ 2013 - 15:43 GMT

ထောင် ၁၀ နှစ်ချခံရတဲ့ မဂ္ဂဇင်း အယ်ဒီတာ

ထိုင်းဘုရင်စနစ်ကို စော်ကားတယ်ဆိုတဲ့ ရေးသားချက်ကြောင့် ထိုင်းမဂ္ဂဇင်းအယ်ဒီတာ တယောက်ကို ထိုင်းအစိုးရက ထောင် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

Somyot Pruksakasemsuk ဆိုတဲ့ မဂ္ဂဇင်းအယ်ဒီတာဟာ အထင်ကရ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတယောက်ဖြစ်ပြီး သူ့ရဲ့ ဆောင်းပါး ၂ ခုဟာ ထိုင်းဘုရင်ကို စော်ကားတယ်ဆိုပြီး အပြစ်ရှိကြောင်း စီရင်ချက်ချခံထားရသူ ဖြစ်ပါတယ်။

သူဟာ ၂၀၁၁ ခုနှစ် ဧပြီလ ကတည်းက အာမခံမပေးပဲ အချုပ်ခံထားရသူဖြစ်ပြီး သူ့ကို ဖမ်းဆီးထားစဉ်မှာ နှိပ်စက်ညှင်းပန်းတာတွေခံရတယ်လို့ သူ့ကို ထောက်ခံတဲ့ သူတွေက အကြိမ်ကြိမ် စောဒက တက်ခဲ့ကြပါတယ်။

အခုတရားစီရင်ချက်ဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်တာ ဖြစ်တယ်လို့ ဥရောပ သမဂ္ဂက ပြောဆိုလိုက်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။