BBC navigation

အမေရိကန် အမျိုးသမီးစစ်မှုထမ်းတွေ စစ်တိုက်ခွင့်ရ

နောက်ဆုံး ရေးသားချိန် 24 ဇန်နဝါရီလ 2013 - 00:57 GMT
US Combat Women

အမေရိကန်မှာ စစ်သည် စုစုပေါင်း ၁ သန်းခွဲလောက်မှာ အမျိုးသမီးက ၁၄ ရာခိုင်နှုန်းရှိ

အမေရိကန်မှာ အမျိုးသမီးစစ်သည်တွေ ရှေးတန်းစစ်မျက်နှာပြင်မှာ စစ်တိုက်ခွင့် ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးတော့မှာ ဖြစ်ပါတယ်။ ဒီမူဝါဒအသစ်နဲ့ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေး၀န်ကြီး လီယွန် ပန်နက်တာက ဒီနေ့ ကြေငြာဖို့ ရှိနေပါတယ်။

အမေရိကန်စစ်တပ်ထဲမှာ စစ်မှုထမ်း ၁ သန်းခွဲရှိပြီး အဲဒီထဲက ၁၄ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ သူတို့ဟာ လောလောဆယ်မှာတော့ ဆေးတပ်၊ တပ်ထိန်း၊ ထောက်လှမ်းရေး စတဲ့ နေရာတွေမှာပဲ တာဝန်ထမ်းရပါတယ်။

အခု မူဝါဒသစ်အရ စစ်တိုက်မယ့် အမျိုးသမီးဦးရေဟာ ၂ သိန်း ၃ သောင်းကျော်လောက်ထိ ရှိလာနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ အထူးသဖြင့် ကျည်းတပ်နဲ့ ရေတပ်တွေမှာ ဖြစ်ပါတယ်။ နောက်ပြီး ကွန်မန်ဒိုလို အထူးတပ်ဖွဲ့ တွေမှာလည်း ပါဝင်လာနိုင်ပါတယ်။

အမေရိကန်မှာ အမျိုးသမီးတွေကို စစ်တိုက်ခွင့် ပိတ်ပင်ခဲ့တာက လွန်ခဲ့တဲ့ အနှစ်နှစ် ဆယ်ကျော်က ဖြစ်ပါတယ်။ အခုလို မူဝါဒပြောင်းရတာဟာ စစ်အရာရှိကြီးတွေရဲ့ အကြံပြုချက်ကြောင့်လို့ အိုဘားမား အစိုးရက ပြောပါတယ်။

တပ်ထဲက အမျိုးသမီးတချို့ကလည်း သူတို့ကို စစ်တိုက်ခွင့် မပေးတာဟာ အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ တိုင်တန်းမှုတွေ ရှိခဲ့ပါတယ်။

ဒါပေမယ့် အခု မူဝါဒသစ်ကို ဘယ်လို အကောင်အထည် ဖော်မလဲဆိုတဲ့ အစီအစဉ် အသေးစိတ်ကိုတော့ မေလ အထိ ထပ်ဆွဲဖို့ ရှိပါတယ်။

အမျိုးသမီးတွေဟာ ရှေတန်းစစ်မျက်နှာအတွက် ဒီနှစ်အတွင်းမှာကို တာ၀န် စထမ်းဆောင် နိုင်ဖွယ်ရှိပေမယ့် တချို့ နေရာတွေမှာတော့ အမျိုးသမီးတွေကို ကန့်သန့်ထားကောင်း ထားနိုင် သေးတယ်လို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။