BBC navigation

အနောက်နိုင်ငံတွေရဲ့ သတိပေးချက် လစ်ဗျား အံ့ဩမိ

နောက်ဆုံး ရေးသားချိန် 25 ဇန်နဝါရီလ 2013 - 01:05 GMT
us_consulate_in_benghazi_libya_after_an_attack_

မနှစ်က ဘင်ဂါဇီက အမေရိကန်သံရုံး တိုက်ခိုက် ခံခဲ့ရပါတယ်။

လစ်ဗျားနိုင်ငံက ဘင်ဂါဇီ မြို့မှာ ရှိနေတဲ့ ဗြိတိန်၊ ဂျာမနီနဲ့ နယ်သာလန် နိုင်ငံသား တွေကို မြို့ထဲ ကနေ ထွက်သွားဖို့ သက်ဆိုင်ရာ နိုင်ငံအသီးသီး က သတိပေး ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ လစ်ဗျား အစိုးရက အံ့ဩ မိတဲ့ အကြောင်း ပြောပါတယ်။

အဲဒီ ၃ နိုင်ငံ စလုံးက ဘင်ဂါဇီမှာ အနောက်နိုင်ငံသား တွေအတွက် အန္တရာယ်တွေ ရှိနေတယ်လို့ ဆိုခဲ့ပေမယ့် ဘာရယ်လို့တော့ တိတိကျကျ ပြောကြား ခြင်း မရှိပါဘူး။

လစ်ဗျား လက်ထောက် ပြည်ထဲရေး ဝန်ကြီး ကတော့ ဘင်ဂါဇီမြို့မှာ လုံခြုံရေး နဲ့ ပတ်သက်လို့ ပြဿနာတွေ ရှိနေတာ မှန်ပေမယ့် အခုလို မြို့ထဲက ထွက်သွားရ လောက်အောင် ကြီးမားတဲ့ အန္တရာယ်မျိုးနဲ့ ပတ်သက်လို့ သတင်းမရတဲ့ အကြောင်း ပြောပါတယ်။

ဆက်လက်ပြီး ဒီလို သတိပေးမယ့် ကိစ္စနဲ့ ပတ်သက်လို့ သူတို့ ကြိုတင် မသိခဲ့ရတာ ကိုတော့ စိတ်မကောင်း ဖြစ်မိကြောင်းလည်း ပြောကြား သွားပါတယ်။

ဗြိတိန်က မာလီမှာ ပြင်သစ်က ထိုးစစ်ဆင် နေတာနဲ့ ပတ်သက်လို့ အနောက် နိုင်ငံတွေနဲ့ ပတ်သက်တဲ့ အကျိုးစီးပွား တွေကို လက်တုန့်ပြန် တိုက်ခိုက်မှုတွေ ကြုံလာ ရနိုင်တယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် အတွင်းကပဲ အဲလ်ဂျီးရီးယားမှာ ရှိတဲ့ သဘာဝ ဓာတ်ငွေ့ စက်ရုံကို အစ္စလာမ်မစ် စစ်သွေးကြွ တွေက တိုက်ခိုက် ခဲ့တဲ့ အတွက် နိုင်ငံခြားသား ဓားစာခံ ၃၇ ဦးထက် မနည်း သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။