BBC navigation

နျူကလီးယား စမ်းသပ်မှု ထပ်လုပ်မယ်လို့ မြောက်ကိုးရီးယားပြော

နောက်ဆုံး ရေးသားချိန် 24 ဇန်နဝါရီလ 2013 - 15:48 GMT

ဒီဇင်ဘာလ ၁၂ ရက်နေ့က ရော့ကက်ဒုံးကျည် ပစ်လွှတ်ခဲ့ပြီး လုံခြုံရေးကောင်စီက ထပ်ပိတ်ဆို့ အရေးယူ

ကုလသမဂ္ဂရဲ့ တင်းတင်းကြပ်ကြပ် ပိတ်ဆို့အရေးယူမှုတွေ လုပ်လာတဲ့အပေါ် တုန့်ပြန်တဲ့အနေနဲ့ မြောက်ကိုးရီးယားက တတိယအကြိမ် နျူကလီးယား စမ်းသပ်မှုနဲ့ နောက်ထပ် တာဝေးပစ် ရော့ကက်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေ လုပ်မယ်လို့ ပြောဆိုလိုက်ပါတယ်။

သူတို့ရဲ့ စမ်းသပ်မှုတွေကို ပြုလုပ်ရာမှာ အမေရိကန်ပြည်ထောင်စုကို စိတ်မှန်းနဲ့ ရည်ရွယ်ပြီး လုပ်ခဲ့တာ ဖြစ်တယ်လို့ မြောက်ကိုးရီးယား အမျိုးသား ကာကွယ်ရေး ကော်မရှင်က ပြောပါတယ်။

ပြီးခဲ့တဲ့လ မြောက်ကိုးရီးယားတို့က တာဝေးပစ် ရော့ကက်ဒုံးကျည် ပစ်လွှတ်စမ်းသပ်ခဲ့တာကို တုန့်ပြန်တဲ့အနေနဲ့ မြောက်ကိုးရီးယား ကုမ္ပဏီတွေနဲ့ အေဂျင်စီတွေအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နောက်ထပ် ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

နျူးကလီးယားစမ်းသပ်မှုလုပ်ရင် မှားလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုကပြောခဲ့ပြီး တရုတ်တို့ကတော့ အားလုံးကို သည်းခံထိန်းချုပ်ကြဖို့ တင်းမာမှုတိုးပွားစေမယ့် အပြုအမူတွေ မလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။