BBC navigation

ကြီးထွားလာနေတဲ့ ဆီရီးယား ဒုက္ခသည် ပြဿနာ

နောက်ဆုံး ရေးသားချိန် 24 ဇန်နဝါရီလ 2013 - 16:34 GMT

ဂျော်ဒန်နိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအရာရှိကြီးတဦးက ဆီရီးယားဒုက္ခသည်ပြဿနာ ကြီးမားလာနေတာကို အလေးထား ဖေါ်ပြပြောဆိုခဲ့ပါတယ်။

ဆီရီးယားဒုက္ခသည် တနေ့ကို သုံးထောင်လောက် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာနေပြီး ဆီရီးယားဒုက္ခသည် ခြောက်သောင်းထက်မနည်း နယ်စပ်ကို ဖြတ်ဖို့ စောင့်နေကြတယ်လို့ ဂျော်ဒန်မှာရှိတဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအရာရှိ အန်ဒရူး ဟာပါက ဘီဘီစီကို ပြောပါတယ်။

ဂျော်ဒန်ကို အလုံးအရင်းနဲ့ ဝင်ရောက်ခိုလှုံလာကြတဲ့ ဆီရီးယားဒုက္ခသည်တွေကြောင့် သူတို့ကို အထောက်အပံ့ပေးနိုင်ရေးအတွက် ဂျော်ဒန်နဲ့ ကုလသမဂ္ဂမှာ အကြီးအကျယ် ဝန်ထုတ်ဝန်ပိုး ဖြစ်နေတယ်လို့ ဂျော်ဒန်နိုင်ငံက အဓိက ဒုက္ခသည်စခန်းကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အဲဒီ ဇာတာရီ ဒုက္ခသည်စခန်းမှာ ဒုက္ခသည် ခုနှစ်သောင်းနီးပါး ခိုလှုံနေကြတယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။