BBC navigation

Apple အဆင့်ကျ

နောက်ဆုံး ရေးသားချိန် 26 ဇန်နဝါရီလ 2013 - 00:41 GMT
apple samsung

Apple ရဲ့ အဓိက ပြိုင်ဖက်ဟာ Samsung ဖြစ်လာပါတယ်။

Apple ကုမ္ပဏီဟာ ကမ္ဘာ့တန်ဖိုး အရှိဆုံး ကုမ္ပဏီအဖြစ်ရှိနေခဲ့တဲ့ ထိပ်ဆုံးနေရာကနေ ရေနံကုမ္ပဏီ ExxonMobil ရဲ့အောက် ဒုတိယနေရာကို သောကြာနေ့က ရောက်ရှိသွားပါတယ်။

iPhone နဲ့ iPad စတာတွေထုတ်လုပ်တဲ့ Apple ကုမ္ပဏီဟာ စတော့ရှယ်ယာစျေးကွက်မှာ တန်ဖိုးအကြီးဆုံးရှိနေပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလ လောက်ကနေစပြီး တန်ဖိုးကျလာခဲ့ပါတယ်။

တခြား ပြိုင်ဖက် ကုမ္ပဏီတွေက စျေးကွက်ထဲမှာ နေရာတွေပိုရာလာတာကြောင့် အခုလို ကျဆင်းလာတဲ့ အကြောင်းရင်း ဖြစ်တယ်လို့ ဘီဘီစီ စီးပွားရေးဆိုင်ရာ သတင်းထောက် က သုံးသပ်ပါတယ်။

တောင်ကိုးရီးယား ကုမ္ပဏီ Samsung ကတော့ Apple ရဲ့ အဓိက ပြိုင်ဖက် ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးထုတ်ထားတဲ့ iphone 5 လက်ကိုင်ဖုန်းဟာလည်း ထင်ထားသလောက် အရောင်းမသွက်ခဲ့တာကြောင့်လည်း Apple ရဲ့ ရှယ်ယာစျေးတွေကျလာခဲ့တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။