BBC navigation

အီဂျစ်အစိုးရ တော်လှန်ရေး ရည်မှန်းချက်ကို သစ္စာဖောက်ခဲ့ပြီ

နောက်ဆုံး ရေးသားချိန် 25 ဇန်နဝါရီလ 2013 - 15:32 GMT
Egypt Protest

အီဂျစ်ဆန္ဒပြသူတွေဟာ သမ္မတကို တော်လှန်ရေး ကတိစကားတွေ တည်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အီဂျစ်နိုင်ငံက အာဏာရှင် သမ္မတ ဟိုစနီ မူဘာရက်ကို ဖြုတ်ချနိုင်ခဲ့တဲ့ နှစ်နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားအဖြစ် မြို့တော်ကိုင်ရိုက တာရီရာရင်ပြင်မှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပြီး၊ တော်လှန်ရေးအပြီး ထားခဲ့ကြတဲ့ ကတိစကားတွေကို လက်ရှိ အစိုးရက ပြည့်မီအောင် ဆောင်ရွက်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြားမှာ တွန်းထိုးရင်ဆိုင်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ အစ္စလာမ်ဝါဒီ သမ္မတ မိုဟာမက် မော်စီနဲ့ သူ့ပါတီ မွတ်ဆလင် ညီအကိုများအဖွဲ့ကို ထောက်ခံသူတွေ အနေနဲ့ တော်လှန်ရေး ရည်မှန်းချက်တွေကို သစ္စာဖောက်ခဲ့ကြပြီလို့ စွပ်စွဲကြပါတယ်။

ဆန္ဒပြကျောင်းသားတဦးကတော့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဘာမှ ပြောင်းလဲခဲ့တာမျိုး မရှိဘဲ၊ လမ်းပေါ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေ တိုးလာတာပဲ ရှိတယ်လို့ ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။