BBC navigation

မာလီတပ်တွေ ဟွမ်ဘိုရီကို ပြန်ထိန်းချုပ်

နောက်ဆုံး ရေးသားချိန် 26 ဇန်နဝါရီလ 2013 - 00:40 GMT

မာလီ အစိုးရကို ကူညီတိုက်ပေးနေတဲ့ ပြင်သစ် တပ်သားတွေ

မာလီနိုင်ငံ မြောက်ပိုင်းက အစ္စလာမ်မစ်တွေ သိမ်းယူထားခဲ့တဲ့ ဟွမ်ဘိုရီ မြို့ကို မာလီအစိုးရ နဲ့ ပြင်သစ်တပ်တွေက ပြန်လည် ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ ဟွမ်ဘိုရီမြို့ဟာ အစ္စလာမ်မစ်သူပုန်တွေ အဓိကတပ်စွဲထားတဲ့ ဂေါင်း ဒေသနဲ့ ကီလိုမီတာ ၁၆၀ လောက်ပဲဝေးပါတယ်။

ပြီးခဲ့တဲ့ မကြာသေးခင် အချိန်ပိုင်းကပဲ ပြင်သစ် စစ်လေယာဉ်တွေဟာ သူပုန်တွေတပ်စွဲထားတဲ့ နေရာအတော်များများနဲ့အတူ သူပုန်တွေရဲ့ လောင်စာ နဲ့ လက်နက်ခဲယမ်း သိုလှောင်ထားတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

သူပုန်တွေဘက်ကလည်း မာလီအရှေ့ပိုင်း နီဂျဲ နိုင်ငံကို ဆက်သွယ်ထားတဲ့ တံတားကို ဗုံးခွဲဖျက်ဆီးခဲ့ပါတယ်။

ချာဒီယမ် စစ်သား နှစ်ထောင်ကျော်နဲ့ နီဂျဲ စစ်သား ငါးရာကျော်ဟာ အဲဒီ နီဂျဲ နိုင်ငံကနေ ဝင်ရောက်လာဖို့ ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။