BBC navigation

လိင်တူမြတ်နိုးသူများ ပါလီမန်ရှေ့ နမ်းပြီး ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 25 ဇန်နဝါရီလ 2013 - 15:42 GMT
Gay Protest

ရုရှနိုင်ငံရဲ့ ပါလီမန်ရှေ့မှာ လိင်တူမြတ်နိုးသူတွေက သူတို့ရှေ့ရေး စိုးထိတ်လို့ နမ်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

လိင်တူချစ်သူများ အခွင့်အရေးကို ပိတ်ပင်တားဆီးတဲ့ အချက်တွေ ပါနေတယ်လို့ ဝေဖန်သူတွေက ထောက်ပြထားကြတဲ့ အငြင်းပွားဖွယ် ဥပဒေမူကြမ်းတခုကို လိင်တူမြတ်နိုးသူတွေက ကန့်ကွက်ကြပါတယ်။

ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ လိင်တူမြတ်နိုးသူများအရေး လှုပ်ရှားသူ အယောက် ၂၀ လောက်က ရုရှနိုင်ငံ၊ မြို့တော် မော်စကိုက ပါလီမန်ရှေ့မှာ နမ်းရှုံ့ခဲ့ကြလို့ အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။

ဥပဒေမူကြမ်းထဲမှာ ကလေးသူငယ်တွေကို လိင်တူ ချစ်သူတွေနဲ့ဆိုင်တဲ့ သတင်းအလက်တွေ မပေးဖို့နဲ့ လိင်တူချစ်သူများ အခွင့်အရေးကို မြှင့်တင်တဲ့ ပွဲသဘင်တွေ မလုပ်ဖို့လည်း ပါဝင်ပါတယ်။

လိင်တူချစ်သူတွေက လူမြင်ကွင်း လက်တွဲ လမ်းလျှောက်ရုံနဲ့ အဖမ်းခံထိမှာကို စိုးရိမ်နေကြပါတယ်။

ရုရှရဲ့ အာဏာရပါတီကတော့ လိင်တူမြတ်နိုးသူတွေကို ဖိနှိပ်ဖို့ထက် ကလေးငယ်တွေကို အကာအကွယ်ပေးဖို့ အခုလို ဥပဒေ ပြဌာန်းဖို့ လုပ်ဆောင်တာလို့ ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။