BBC navigation

ဘင်္ဂလားဒေ့ရှ်မှာ လင်းနို့ ဗိုင်းရပ်စ်ကြောင့် လူထပ်သေ

နောက်ဆုံး ရေးသားချိန် 26 ဇန်နဝါရီလ 2013 - 16:56 GMT

အသီးစား လင်းနို့တွေရဲ့ တံတွေးနဲ့ ကျင်ငယ်တွေ မှာ ဒီ ပိုင်းရပ်စ်ပိုး ရှိနေ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အသီးစား လင်းနို့ တွေက လာတဲ့ နိပါ (Nipah) ဗိုင်းရပ်စ် ကူးစက် ခံရလို့ နောက်ထပ် လူ ၅ ဦး သေဆုံး သွားတယ်လို့ ဘင်္ဂလား အရာရှိ တွေက ပြောကြား လိုက်ပါတယ်။

ဒီ နိပါ (Nipah) ဗိုင်းရပ်စ် ကူးစက် ခံရသူဟာ ကိုယ်အရမ်း ပူပြီးနောက် ဦးနှောက် ယောင် လာကာ ဆေးဝါး ကုသလို့ လည်း မရတော့ ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်က စလို့ လူပေါင်း ၁၇၆ ဦး ဒီ ဗိုင်းရပ်စ်ပိုး ကူးစက် ခံရကာ အဲဒီ အထဲက လူ ၁၃၆ ဦး ကတော့ သေဆုံး သွားခဲ့ ပါတယ်။

ဗိုင်းရပ်စ် ကူးစက် ရခြင်း အကြောင်းကတော့ အသီးစား လင်းနို့တွေရဲ့ တံတွေးနဲ့ ကျင်ငယ်တွေ ပေနေတဲ့ အမှည့်လွန် အသီးတွေ ကနေ ထုတ်ထားတဲ့ ဖျော်ရည် တွေကို စားသုံး မိလို့ ဖြစ်ရတာ ဆိုပြီး WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ ဒီရောဂါ စတင် ဖြစ်ပွားတဲ့ နေရာ ဆိုပြီး ယူဆနေ ကြပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။