BBC navigation

မိချောင်းတွေ ပြန်ဖမ်းဖို့ လူလို

နောက်ဆုံး ရေးသားချိန် 26 ဇန်နဝါရီလ 2013 - 00:46 GMT
crocodile in south africa

လွတ်သွားတဲ့ မိချောင်း ၁ သောင်းကျော်ထဲကနေ ၂ ထောင်ကျော်ပဲ ပြန်ဖမ်းမိထားသေးပါတယ်။

တောင်အာဖရိကနိုင်ငံမှာတော့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတွေ ကြီးခဲ့တာကြောင့် နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ မိချောင်း မွေးကန်ကနေ မိချောင်း အကောင်ပေါင်း ၁ သောင်းကျော် လွတ်မြောက် သွားခဲ့ပါတယ်။

အဲဒီ မိချောင်းတွေကို ပြန်ဖမ်းနိုင်ဖို့ အတွေ့အကြုံ ကောင်းရှိသူ တွေကို ရဲက အကူအညီ တောင်းခံ နေပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လင်ပိုပို မြစ်ရေတက်လာခဲ့သလို မိုးသည်းမုန်တိုင်းတွေ ပြင်းထန်လာတဲ့အတွက် မိချောင်းမွေးကန်ပိုင်ရှင်ဟာ ရေတံခါးတွေကို ဖွင့်ချလိုက်ရတာဖြစ်ပါတယ်။

မိချောင်းမွေးကန်ရဲ့ အလုပ်သမားတွေကတော့ ညအချိန်မှာ အပြင်ထွက်ပြီး ပြန်ဖမ်းခဲ့လို့ အခုဆိုရင် မိချောင်းအကောင်ပေါင်း နှစ်ထောင်လောက် ပြန်ဖမ်းမိထားပြီးပါပြီ။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။