BBC navigation

မီးလို့စ် ဇေမန်း ချက် သမ္မတ ဖြစ်လာ

နောက်ဆုံး ရေးသားချိန် 27 ဇန်နဝါရီလ 2013 - 00:15 GMT
milos zeman

သမ္မတအဖြစ် အရွေးခံရတဲ့ မီးလို့စ် ဇေမန်း

ချက်သမ္မတ နိုင်ငံမှာ ပထမဆုံး အကြိမ် အဖြစ် တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့ သမ္မတ ရွေးကောက်ပွဲ မှာတော့ အရင် ဆိုရှယ်လစ် ဝန်ကြီးချုပ်ဟောင်း မီးလို့စ်ဇေမန်းက အနိုင်ရရှိ သွားပါတယ်။

သူဟာ မဲစုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းကို ရရှိ ခဲ့ပြီး မဲ ၄၄ ရာခိုင်နှုန်းသာ ရတဲ့ ပြိုင်ဘက် အထက်တန်းလွှာက နိုင်ငံခြားရေး ဝန်ကြီး ခါရဲလ် ရှဝါ့ဇန်ဘတ်ခ် ကို အနိုင်ရရှိ ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဇေမန်းက သူဟာ ပြည်သူအားလုံးရဲ့ အသံကို နားထောင်တဲ့ သမ္မတအဖြစ် တာဝန် ထမ်းဆောင်သွားမယ်လို့ ဆိုထား ပါတယ်။

ဒီသမ္မတ ရွေးကောက်ပွဲမှာ ပြိုင်ဘက် သမ္မတလောင်း နှစ်ဦးစလုံးက ဥရောပ သမဂ္ဂထဲမှာ ပိုပြီး ထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ ဆိုခဲ့ကြပါတယ်။

အခုရွေးကောက်ပွဲမှာ ရာသီဥတု အခြေအနေတွေ ဆိုးဝါး နေပေမယ့် မဲပေးသူ အရေအတွက်အားဖြင့် များပြားခဲ့ ပါတယ်။

ပရာ့ဂ် မြို့တော်က ဘီဘီစီ သတင်းထောက် ကတော့ ရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့တဲ့ မစ္စတာ ဇေမန်းဟာ နွမ်းပါးတဲ့ လူတွေနဲ့ အသက်အရွယ် ကြီးရင့်သူတွေရဲ့ မဲတွေကို ရခဲ့တာ ဖြစ်ပြီး မစ္စတာ ရှဝါ့ဇန်ဘတ်ခ် ကတော့ ကြွယ်ဝတဲ့ မြို့နေ လူတန်းစား တွေရဲ့ မဲကို ရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။