BBC navigation

အီဂျစ်မှာ ဘောလုံးပွဲ အကြမ်းဖက်မှုနဲ့ သေဒဏ်ချမှတ်

နောက်ဆုံး ရေးသားချိန် 26 ဇန်နဝါရီလ 2013 - 16:25 GMT

အဓိကရုဏ်း အတွင်း ရဲ နှစ်ဦး အပါ အဝင် အနည်းဆုံး လူ ၂၆ လောက် သေဆုံး သွားခဲ့

အီဂျစ် နိုင်ငံ ပေါ့ဆိုဒ် မြို့မှာ ပြီးခဲ့တဲ့ နှစ်က လူပေါင်း ၇၀ လောက် သေဆုံး သွားခဲ့ ရတဲ့ ဘောလုံးပွဲ ခိုက်ရန် ဖြစ်ပွားမှု နဲ့ ပတ်သက်ပြီး လူ ၂၁ ဦး ကို တရားရုံး ကနေ သေဒဏ် ချမှတ် လိုက်ပြီးနောက် ပေါ့ဆိုဒ် မြို့မှာ အဓိ ကရုဏ်းတွေ ဖြစ်ပွား နေပါတယ်။

အခု ဖြစ်ပွား နေတဲ့ အဓိကရုဏ်း အတွင်း ရဲ နှစ်ဦး အပါ အဝင် အနည်းဆုံး လူ ၂၆ ယောက် လောက် သေဆုံး သွားခဲ့ပြီး၊ လူ ၃၀၀ ထက်မနည်း ဒဏ်ရာ ရရှိ သွားခဲ့ ပါတယ်။

သေဒဏ် ချမှတ် ခံထားရတဲ့ သူတွေ ဘက်ကနေ ရပ်တည် ကြတဲ့ လူအုပ်ကြီးဟာ တရားခံ တွေကို ထားတဲ့ ထောင်ထဲကို ဝင်စီးဖို့ ကြိုးစား ရာမှာ ရဲတပ်ဖွဲ့ နဲ့ ထောင် အပြင် ဘက်မှာ ရုန်းရင်း ဆန်ခတ်တွေ ဖြစ်ပွား ခဲ့ပြီး နောက် အဓိကရုဏ်းတွေ စ ဖြစ်ခဲ့ တာပါ။

အခုတော့ အဲဒီနေရာမှာ စစ်တပ်ကို ချထား လိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က ကိုင်ရိုမြို့ ဘောလုံး အသင်း တသင်းနဲ့ ပေါ့ဆိုဒ်မြို့ အသင်းတို့ ကစား ခဲ့ကြပြီးနောက် အကြမ်းဖက် ခိုက်ရန် ဖြစ်ပွား ခဲ့ရာမှာ အဲဒီ တုန်းက အနည်းဆုံး လူ ၇၀ လောက် သေဆုံး သွားခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ အကြမ်းဖက်မှု တွေကို ရဲက အသေ အချာ ဝင်ရောက် ထိန်းသိမ်း တာမျိုး မလုပ်ခဲ့ဘူး ဆိုပြီးလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။