BBC navigation

ပို့ဆက်မှာ အရေးပေါ် ကြေညာ

နောက်ဆုံး ရေးသားချိန် 27 ဇန်နဝါရီလ 2013 - 22:09 GMT
port said

ဆန္ဒပြပွဲတွေ ရက်နဲ့ချီ ဖြစ်ပွားခဲ့

ရုန်းရင်းဆန်ခတ် ဆန္ဒပြပွဲတွေ ရက်နဲ့ချီပြီး ဖြစ်ပွားနေတဲ့ အီဂျစ် နိုင်ငံက ပို့ဆက် ဆိပ်ကမ်းမြို့နဲ့ ဆူးအက်၊ အစ္စမေလီယာ မြို့တွေမှာ တလကြာ အရေးပေါ် အခြေအနေနဲ့ ကာဖျူး ထုတ်လိုက်ပြီလို့ အီဂျစ် သမ္မတ မိုဟာမက် မော်စီက ကြေညာ လိုက်ပါပြီ။

ဒီအဓိကရုဏ်းကို တန်ပြန် တော်လှန်ရေး လုပ်ရပ် အဖြစ် သမ္မတ မော်စီက သတ်မှတ် ပြောကြား လိုက်ပြီး အီဂျစ် နိုင်ငံ လုံခြုံရေးကို ထိခိုက် နှောင့်ယှက် လာတာမှန်သမျှကို တုံ့ပြန် ဆောင်ရွက် သွားမယ်လို့ သတိပေး ပြောကြား လိုက်ပါတယ်။

သမ္မတ မော်စီရဲ့ ဒီလို အရေးယူ ဆောင်ရွက်မှုကို အဓိက အတိုက်အခံ ညွန့်ပေါင်း အဖွဲ့က ကြိုဆို ခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က သေဆုံးခဲ့သူတွေရဲ့ အသုဘ ပို့ဆက် မြို့မှာ ချဆောင်ရာမှာ လူ ၁၇ ယောက် အနည်းဆုံး သေဆုံး ခဲ့ရပါတယ်။

မနှစ်က ဘောလုံးပွဲ အဓိကရုဏ်း လူသေမှုတွေ အတွက် လူ ၂၁ ယောက် ကို သေဒဏ်ချပြီး နောက်ပိုင်း ဒီလို မတည်ငြိမ်မှုတွေ စတင် ဖြစ်ပွားခဲ့တာပါ။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။