BBC navigation

ဘင်္ဂလား စစ်ရာဇဝတ်မှု ခုံရုံးကို ကန့်ကွက်ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 28 ဇန်နဝါရီလ 2013 - 17:14 GMT

ဆန္ဒပြသူ တွေက ခဲတွေနဲ့ ပေါက် သလို ယာဉ်တွေ ကို မီးရှို့ခဲ့ တာတွေလည်း ပြုလုပ်ခဲ့

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က လွတ်လပ်ရေး ကြိုးပမ်းမှု စစ်ပွဲ အတွင်း အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တွေဟာ စစ် ရာဇဝတ်မှုတွေ ကျူးလွန် ခဲ့တယ် ဆိုပြီး တရား စွဲဆို ထားတာကို ကန့်ကွက်တဲ့ အနေနဲ့ အစ္စလာမ် ဘာသာရေး တက်ကြွ လှုပ်ရှား သူတွေက မြို့တော် ဒါကား မှာ ကန့်ကွက် ဆန္ဒပြ နေရာ လုံခြုံရေး တပ်ဖွဲ့ တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွား ခဲ့ပါတယ်။

ဆန္ဒပြသူ တွေက ခဲတွေနဲ့ ပေါက် ယာဉ်တွေကို မီးရှို့ တာတွေ ပြုလုပ် ခဲ့တာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် အတော် များများ ဒဏ်ရာ ရရှိ သွားကြ ပါတယ်။

လွတ်လပ်ရေး စစ်ပွဲ အတွင်း အကြမ်းဖက် မှုတွေကို စုံစမ်း စစ်ဆေး နေတဲ့ စစ် ရာဇဝတ်မှု ခုံရုံးရဲ့ ဆုံးဖြတ်ချက် တွေကို ဆန္ဒပြ သူတွေက ကန့်ကွက်မှုတွေ ပြုလုပ် ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ချမှတ် ခဲ့တဲ့ ခုံရုံးရဲ့ ပထမဆုံး စီရင်ချက် ကတော့ ဂျမတ် အီ အစ္စလာမ်မီ ပါတီ ခေါင်းဆောင်လည်းဖြစ် နာမည်ကျော် အစ္စလာမ် တရားဟော ဆရာလည်း ဖြစ်တဲ့ အဘူလ် ကလမ် အဇတ်ကို မျက်ကွယ် သေဒဏ် ပေးလိုက် တာပဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။