BBC navigation

အီဂျစ် သမ္မတရဲ့ ညမထွက်ရ အမိန့်ကို ဖီဆန်

နောက်ဆုံး ရေးသားချိန် 28 ဇန်နဝါရီလ 2013 - 23:59 GMT

မစ္စတာ မော်စီရဲ့ ညမထွက်ရ အမိန့်ကို လူတွေ ဖီဆန်

အီဂျစ် သမ္မတ မော်စီရဲ့ ညမထွက်ရ အမိန့်ကို ဖီဆန်တဲ့ အနေနဲ့ ထောင်နဲ့ ချီတဲ့ ဆန္ဒပြ သူတွေ ဆူးအက်၊ ပို့ဆက်နဲ့ အစ္စမေလီယာ မြို့တွေမှာ လမ်းပေါ် ထွက်လာကြ ပါတယ်။

ဒီအတွက် လမ်းမတွေ ပေါ်မှာ အစိုးရ ကနေ စစ်သားတွေ ရာနဲ့ချီပြီး ချထား လိုက်ပါတယ်။

လူ ပေါင်း ၅ဝ ကျော် သေဆုံး ခဲ့တဲ့ အဓိကရုဏ်းကို ထိန်းသိမ်းဖို့ တလကြာ အရေးပေါ် အခြေ အနေနဲ့ ညမထွက်ရ အမိန့်ကို တနင်္ဂနွေနေ့က မစ္စတာ မော်စီ ကြေညာခဲ့ ပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေးပွဲ တက်ဖို့ သမ္မတရဲ့ ဖိတ်ကြားမှုကို အဓိက အတိုက် အခံ မဟာမိတ် အဖွဲ့က ပယ်ချ လိုက်ပြီးနောက် ကိုင်ရို မြို့တော် မှာလည်း ဆက်ပြီး တင်းမာ မှုတွေ ဖြစ်ပွား နေပါတယ်။

ဒီအတော အတွင်း စစ်တပ်ကို ဖမ်းမိန့် ပေးတဲ့ ဥပဒေ တရပ် ကိုလဲ အီဂျစ် အထက် လွှတ်တော်က အတည်ပြု ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။