BBC navigation

ဆီးရီးယားက အလက်ပိုမြို့မှာ အလောင်းတွေ တွေ့ရှိ

နောက်ဆုံး ရေးသားချိန် 29 ဇန်နဝါရီလ 2013 - 17:53 GMT

ရွှံ့တွေ ဖုံးအုပ် နေတဲ့ အလောင်း တွေကို မြစ် ကမ်းဘေး တခုမှာ ပြန့်ကျဲ နေတာကို တွေ့ရ

ဆီးရီးယား သူပုန်တွေ ထိန်းချုပ် ထားတဲ့ နိုင်ငံတောင်ပိုင်းက ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ အလက်ပို မြို့မှာ အမျိုးသား အလောင်း ၅၀ ကျော်ကို တွေ့ရှိ ခဲ့တယ် လို့ အတိုက် အခံ တက်ကြွ လှုပ်ရှား သူတွေက ပြောပါတယ်။

ဒီလူတွေကို အစိုးရ တပ်ဖွဲ့တွေ ကနေ လက်စတုံး သတ်ဖြတ်ခံ ခဲ့တာ ဖြစ်တယ်လို့လည်း အတိုက် အခံ တွေက ပြောပါတယ်။

အင်တာနက်မှာ တင်ထားတဲ့ ဗီဒီယို မှတ်တမ်း တခုမှာတော့ မီးခိုးရောင် ရွှံ့တွေ ဖုံးအုပ် နေတဲ့ အလောင်း တွေကို မြစ်ကမ်းဘေး တခုမှာ ပြန့်ကျဲ နေတာကို တွေ့ရ ပါတယ်။

ဒီလူ အများစု ကိုတော့ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ် ထားတာ ဖြစ်ပြီး၊ လက်တွေကိုလည်း နောက်ပြန်ကြိုး တုတ်ထား တာကို လည်း တွေ့ရတယ်လို့ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အစိုးရ သတင်း ရပ်ကွက် ကတော့ ဒီလူတွေကို သူပုန် တိုက်ခိုက်ရေး သမားတွေက သတ်ဖြတ် ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

သေဆုံးသူ အရေအတွက်ဟာ ဒီတက် ပိုများလာ နိုင်တယ်လို့လည်း ဘီဘီစီ သတင်းထောက် ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။