BBC navigation

ဆီးရီးယား တစစနဲ့ ပျက်စီးနေပြီ

နောက်ဆုံး ရေးသားချိန် 30 ဇန်နဝါရီလ 2013 - 00:54 GMT
_lakhdar_brahimi__

ကုလအထူးကိုယ်စားလှယ် လခ်ဒါ ဘရာဟီးမီး

ဆီးရီးယား နိုင်ငံဟာ တစစနဲ့ ပျက်စီးလာ နေပြီလို့ ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် လခ်ဒါ ဘရာဟီးမီးက ပြောပါတယ်။

သူက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ပြောကြား ခဲ့ရာမှာ ဆီးရီးယား မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှု တွေဟာ မခန့်မှန်း နိုင်လောက်တဲ့ အဆင့်မျိုး တွေကို ရောက်လာနေပြီလို့ သတိပေး ပြောကြား ခဲ့ပါတယ်။

မစ္စတာ ဘရာဟီးမီးက ဆီးရီးယား ကြောင့် ဒေသတွင်းမှာပါ မကောင်းတဲ့ အကျိုးဆက်တွေ ကြုံတွေ့ လာရနိုင်ကြောင်းလည်း ပြောကြား ခဲ့ပါတယ်။

အဲဒါကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ ဆီးရီးယား ကိစ္စနဲ့ ပတ်သက်လို့ အရင်လို သဘောမတူ တာတွေ နဲ့ ဆက်သွား နေလို့ မရတော့ဘဲ တခုခုကို ထပြီး လုပ်ကို လုပ်ဖို့ လိုအပ် နေပြီလို့ ပြောကြား ခဲ့ပါတယ်။

ဒါကတော့ ဆီးရီးယား နိုင်ငံက အလက်ပို မြို့မှာ လူပေါင်း ဒါဇင်နဲ့ ချီပြီး အကျဉ်းရုံးနည်းနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ထားတာကို တွေ့ခဲ့ရ အပြီးမှာ အခုလို ပြောကြား လိုက်တာပဲ ဖြစ်ပါတယ်။

အဲဒီက ဗြိတိသျှ သတင်းစာ တစောင်က သတင်းထောက်က ဘီဘီစီကို ပြောရာမှာတော့ သူရေတွက်မိသလောက် ၇၁ ဦး အသတ် ခံခဲ့ရတဲ့ အကြောင်းနဲ့ အဲဒီထဲမှာ ကလေး ၂ ဦး ပါဝင်ပြီး အလောင်းတွေကို ကျောင်း တကျောင်းရဲ့ ဝင်းထဲမှာ စီထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ လူတွေကို ခြေတွေ လက်တွေကို ကြိုးတွေနဲ့ ချည်ထားပြီး ခေါင်းကို သေနတ်နဲ့ အနီးကပ် ပစ်ပြီး သတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု သတ်ဖြတ်မှုကြီး နဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေ တဘက်ကို တဘက် အပြစ်ပုံချ နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။