BBC navigation

ဒေဝါလီခံလို့ လေကြောင်းခရီးသွား ဒုက္ခတွေ့

နောက်ဆုံး ရေးသားချိန် 31 ဇန်နဝါရီလ 2013 - 15:39 GMT
Batavia

လေကြောင်းလိုင်းက ရုတ်ချည်း ဒေဝါလီခံလိုက်တဲ့အတွက် ခရီးသွားတွေ လေဆိပ်မှာ သောင်တင်ကုန်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ စျေးသက်သာတဲ့ လေကြောင်းလိုင်းကြီးတခုက ဒေဝါလီခံပါတယ်လို့ ရုတ်ချည်း ကြေညာလိုက်တဲ့အတွက် ခရီးသွား ထောင်ပေါင်းများစွာဟာ လေဆိပ်တွေမှာ သောင်တင်နေကြပါတယ်။

ဘာတားဗီးယား လေကြောင်းလိုင်းဟာ တရက်ကို ခရီးစဉ် ၁၇၀ လောက်အထိ ပြေးဆွဲနေတာဖြစ်ပြီး အကြွေးက အမေရိကန်ဒေါ်လာ လေးသန်းခုနစ်သိန်း တင်ရှိနေတာလည်း ဖြစ်ပါတယ်။

မွတ်ဆလင်တွေ အထွတ်အမြတ်ထားရာ မကာကို ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုအတွက် လေယာဉ်သစ် နှစ်စင်းကို ဝယ်ခဲ့ပြီးနောက်မှာ အခုလို ဒေဝါလီ ခံရတဲ့အထိ ဒုက္ခရောက်သွားတာလည်း ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။