BBC navigation

အစ္စရေး လူ့အခွင့်အရေးချိုးဖောက်မှု ကုလ ပြော

နောက်ဆုံး ရေးသားချိန် 31 ဇန်နဝါရီလ 2013 - 15:22 GMT
Israel Settlement

အစ္စရေးရဲ့ အိမ်ရာဆောက်လုပ်မှုတွေဟာ ပါလက်စတိုင်း အခွင့်အရေးကို ဖိနှိပ်ထားတယ်လို့ ကုလ ပြောဆို

ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ သိမ်းပိုက်ထားတဲ့ နယ်မြေတွေထဲ အစ္စရေးရဲ့ အိမ်ရာဆောက်လုပ်မှုတွေဟာ ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးတွေကို ထိပါးနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် သိမ်းပိုက်နယ်မြေထဲ အိမ်ရာဆောက်လုပ်မှုတွေကို အစ္စရေးအနေနဲ့ ချက်ချင်းရပ်ပြီး၊ ပြန်ဆုတ်ပေးဖို့ အစီရင်ခံစာက တိုက်တွန်းထားပါတယ်။

အစ္စရေးကတော့ ဒီအစီရင်ခံစာနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ ဘက်လိုက်တယ်လို့ စွပ်စွဲပါတယ်။

ကုလသမဂ္ဂရဲ့ လူ့အခွင့်ရေးဆိုင်ရာ ကျွမ်းကျင်သူ သုံးဦးက လေ့လာ ရေးသားခဲ့တဲ့ အစီရင်ခံစာမှာ အိမ်ရာ ဆောက်လုပ်မှုတွေကြောင့် ပါလက်စတိုင်းတွေကို အဲဒီနေရာကနေ စနစ်တကျ နှင်ထုတ်သလို ဖြစ်နေပြီး၊ နေ့စဉ်ဆိုသလို ဖိနှိပ်မှုတွေ၊ စော်ကားမှုတွေ ဖြစ်နေတယ်လို့ ထုတ်ဖော် ပြောဆို ထားပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။