BBC navigation

မက္ကဆီကို ရေနံရုံး ပေါက်ကွဲမှု သေဆုံး

နောက်ဆုံး ရေးသားချိန် 1 ဖေဖေါ်ဝါရီလ 2013 - 01:48 GMT
pemex

ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကြိုးစား

မက္ကဆီကို မြို့တော်က အစိုးရပိုင် Pemex ရေနံ ကုမ္ပဏီ ရုံးချုပ် ၅၄ ထပ်မြင့် အဆောက်အအုံ ပေါက်ကွဲမှုကြီးကြောင့် အနည်းဆုံး ၁၄ ယောက် သေဆုံးပြီး လူတရာ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက ရဟတ်ယာဉ်တွေ၊ သူနာတင်ယာဉ်တွေနဲ့ လူနာတွေကို ကုသပေး နေပါတယ်။

အပျက်အစီး အပိုင်းအစ တွေလဲ နေရာအနှံ့ ပြန့်ကြဲ နေပါတယ်။

အဆောက်အအုံထဲ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကယ်ဆယ်ရေး အဖွဲ့တွေက ခွေးတွေနဲ့ ရှာဖွေ နေကြဆဲ ဖြစ်ပါတယ်။

အပျက်အစီး ကြီးမားကြောင်း ရုပ်သံ ဓာတ်ပုံတွေက ပြသနေပေမယ့် ပေါက်ကွဲမှု အကြောင်းရင်း တရားဝင် ရှင်းလင်းချက်တော့ မထွက်သေးပါဘူး။

မက္ကဆီကို သမ္မတ ဟင်နရီ ပီနေး နီရဲတိုးက သေဆုံးသူတွေရဲ့ ဆွေမျိုးတွေကို တွေ့ဆုံပြီး နှစ်သိမ့် အားပေးခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။