BBC navigation

မီးပန်းတင်ဆောင်လာတဲ့ကား ပေါက်ကွဲ မှု ဖြစ်

နောက်ဆုံး ရေးသားချိန် 1 ဖေဖေါ်ဝါရီလ 2013 - 16:52 GMT
China fireworks

မီးပန်း တင်ဆောင်တဲ့ကား ပေါက်ကွဲ

တရုတ်နိုင်ငံမှာ နှစ်သစ်ကူးပွဲတော်အတွက် မီးရှူးမီးပန်းတွေ သယ်ဆောင်လာတဲ့ လော်ရီကားကြီး တစီးပေါက်ကွဲပြီး အနည်းဆုံး လူငါး ယောက်သေဆုံးခဲ့ပါတယ်။ နောက်ထပ် အနည်းဆုံး လူ ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် မော်တော်ကား လမ်းကူးတံတားလည်း ပျက်ကျခဲ့ပါတယ်။ တံတားကျိုးသွားတဲ့အတွက်ကြောင့် တခြားကားတွေလည်း ကိုက် ၃၀ လောက် အမြင့်ကနေ အောက် ပြုတ်ကျခဲ့ပါတယ်။

ကားတစီးဟာ တံတားနှုတ်ခမ်းမှာ တဲတဲလေးကျန်နေခဲ့တာကို အစိုးရ မီးဒီယာတွေမှာ ဖော်ပြတဲ့ ဓါတ်ပုံထဲမှာ တွေ့ရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။