BBC navigation

အီဂျစ်မှာ ဆန္ဒပြပွဲတွေ ပြန်စဖို့ စီစဉ်

နောက်ဆုံး ရေးသားချိန် 1 ဖေဖေါ်ဝါရီလ 2013 - 16:44 GMT
Egypt Protesters

အီဂျစ် ဆန္ဒပြကြသူများ

အီဂျစ်နိုင်ငံမှာ သမ္မတ မော်စီကို ဆန့်ကျင် ဆန္ဒပြသူတွေက သောကြာနေ့ နေ့ခင်း ဝတ်ပြုဆုတောင်း အပြီးမှာ လူထု ဆန္ဒပြပွဲကြီး စတင်ဖို့ ပြင်ဆင်နေကြပါတယ်။

ဟောစနီ မူဘာရက်ကို ဖြုတ်ချခဲ့တဲ့ အီဂျစ် တော်လှန် ရေးရဲ့ အနှစ်သာရ အပေါ်မှာ သမ္မတ မော်စီဟာ သစ္စာဖောက်ဖျက်ခဲ့တယ်လို့ သူတို့က စွပ်စွဲကြတာဖြစ်ပါတယ်။

အလားတူ ဆန္ဒပြပွဲတွေလည်း ပြီးခဲ့တဲ့ အပတ်တွေမှာ ဖြစ်ပွားခဲ့ပြီးအဲဒီ ဆန္ဒပြပွဲတွေမှာတော့ ရဲနဲ့ ပဋိပက္ခဖြစ်ပြီး လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ပါတယ်။

မနေ့က ကြသပတေးနေ့မှာတော့ နိုင်ငံရေးပါတီတွေစုပေါင်းပြီး အကြမ်းထဖက် နှိမ်နင်းမှုကို ရှုတ်ချကန့်ကွက်ကြောင်း တညီတညွတ်တည်း သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီးနောက် အခုလို ဆန္ဒပြပွဲတွေ ဆက်လက် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။