BBC navigation

တူရကီက အမေရိကန် သံရုံး ဗုံးခွဲတိုက်ခိုက်ခံရ

နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2013 - 00:25 GMT
us_embassy_ankara_attack

ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတဲ့ အန်ကာရာ မြို့က အမေရိကန် သံရုံး

တူရကီ နိုင်ငံက အန်ကာရာ မြို့တော်မှာ ရှိတဲ့ အမေရိကန် သံရုံးကို အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့တာဟာ အကြမ်းဖက်မှု တခု ဖြစ်တယ်လို့ အမေရိကန် ဘက်က ပြောလိုက်ပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် တူရကီ နိုင်ငံတွင်းမှာ ရှိတဲ့ အမေရိကန် သံတမန် အဖွဲ့တွေနဲ့ နိုင်ငံသား တွေအားလုံး ကိုလည်း သတိပေးချက် ထုတ်ပြန် ထားပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ လူ ၂ ဦး သေဆုံး ခဲ့ရပြီး အဲဒီ ထဲက တဦးဟာ အသေခံ ဗုံးခွဲခဲ့သူ လို့ ယူဆရပါတယ်။ ဘာလို့ အဲဒီလို တိုက်ခိုက် ခဲ့ရသလဲ ဆိုတာနဲ့ ပတ်သက်လို့ ကွဲကွဲပြားပြား မသိရသေး တဲ့ အကြောင်း သမ္မတ အိမ်ဖြူတော်ရဲ့ ပြောခွင့်ရသူ ဂျေး ကာနီက ပြောပါတယ်။

တူရကီ ဝန်ကြီးချုပ် ယေဆက် တေရစ် အာဒိုဝန်ကတော့ အခု တိုက်ခိုက်မှုကို လုပ်ခဲ့တာဟာ ခွဲထွက်ရေး မာ့ခ်စ်ဝါဒီ အဖွဲ့ရဲ့ လက်ချက်ဆိုပြီး ပြောပါတယ်။ မစ္စတာ အာဒိုဝန်က အကြမ်းဖက် သမားတွေကို တိုက်ဖျက် သွားဖို့ အတွက် တကမ္ဘာလုံးက ပူးပေါင်း ပါဝင် ဆောင်ရွက် သွားကြဖို့ကိုလည်း တောင်းဆို လိုက်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။