BBC navigation

မာလီအရေး ပြင်သစ် ဆက်လုပ်ရဦးမယ်

နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2013 - 22:53 GMT
_mali_conflict_timbuktu_hails_french_president_hollande_

မာလီရောက် ပြင်သစ် သမ္မတ အိုလောန်း

မာလီ နိုင်ငံ အတွင်းက အကြမ်းဖက် သမား တွေကို အားနည်းသွားအောင် လုပ်နိုင် ခဲ့ပြီ ဖြစ်ပေမယ့် အပြီးသတ် မချေမှုန်းရ သေးတဲ့ အကြောင်း ပြင်သစ်သမ္မတ ဖရန်ဆွာအိုလောန်း ကပြော ပါတယ်။

မစ္စတာ အိုလောန်းက ပြင်သစ်ကို ကျေးဇူး တင်ကြောင်း ပြောလို ကြတဲ့ မာလီ နိုင်ငံသား တွေကို သူပြောလို တာကတော့ ပြင်သစ် တွေဘက်က ဆက်လုပ် ရမှာတွေ ရှိသေး တဲ့အကြောင်း၊ မာလီ တနိုင်ငံလုံး မလွတ်မြောက် ကြသေးတဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အဲဒီ အတွက် ဆက်တိုက် ရဦးမှာ ဖြစ်ကြောင်းနဲ့ အကြမ်းဖက် အဖွဲ့ တွေကို တိုက်ထုတ် ပစ်နိုင်ဖို့ အတွက် ပြင်သစ်ဟာ မာလီ မြောက်ပိုင်းက လူတွေ အပါအဝင် မာလီ နိုင်ငံသား တွေ၊ အာဖရိကအဖွဲ့ တွေနဲ့ တသားထဲ ရှိနေမှာ ဖြစ်ကြောင်း ကိုလည်း ပြောကြားခဲ့ပါတယ်။

ဒါကတော့ မာလီမှာ အစ္စလာမ်မစ် သူပုန်တွေကို အနိုင် တိုက်ခိုက် နိုင်ခဲ့ကြတဲ့ ပြင်သစ်နဲ့ မာလီ တပ်ဖွဲ့ ဝင်တွေကို ဂုဏ်ပြုဖို့ မာလီကို ရောက်ရှိ နေစဉ်မှာ ပြင်သစ် သမ္မတက အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

မာလီနိုင်ငံရဲ့ မြို့တော် ဘန်မာကိုမှာ ပျော်ရွှင် နေကြတဲ့ လူအုပ်ကြီးကို မစ္စတာ အိုလောန်းက သူပုန်ပင် ဖြစ်စေကာမူ လူ့အခွင့်အရေး နဲ့ ပတ်သက်လို့ အလေးထား ကြဖို့ လိုတယ်လို့လည်း ပြောကြား ခဲ့ပါတယ်။

အစောပိုင်း တုန်းကတော့ မစ္စတာ အိုလောန်းဟာ မကြာသေးခင်က ပြန်လည် သိမ်းပိုက် နိုင်ခဲ့တဲ့ မာလီ မြောက်ပိုင်းက တင်မ်ဘတ်ခ်တူး မြို့ကို သွားရောက် ခဲ့ပါတယ်။

သူက အဲဒီမှာ လိုအပ်တဲ့ ကာကွယ်မှု တွေလုပ်ဖို့ အတွက် ကုလသမဂ္ဂက ထောက်ပံ့ ထားတဲ့ အာဖရိက တပ်ဖွဲ့တွေ ရောက်မလာ မချင်း ပြင်သစ် တပ်ဖွဲ့တွေ ဆက်ရှိ နေဦးမှာ ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

မာလီ သမ္မတ ဒီယွန်ကွန်ဒါ ထရာအိုရေ ကတော့ ပြင်သစ်ရဲ့ စစ်ရေး အကူအညီ ပေးမှုတွေကို ကျေးဇူးတင် စကားပြောကြား ခဲ့ပြီး မကြာခင် လပိုင်း တွေ အတွင်းမှာ ဒီမိုကရေစီ စနစ် ပြန်လည် ကျင့်သုံး သွားဖို့ အတွက်ကို ကတိပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။