BBC navigation

အလက်ပိုလေဆိပ်အနီး ဗျုဟာမြောက်ဒေသကို သူပုန်တွေသိမ်း

နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2013 - 23:16 GMT
syria_allepo

အလက်ပိုက အဓိက နေရာကို သူပုန်တွေ သိမ်းနိုင်

ဆီးရီးယား နိုင်ငံက အလက်ပို လေဆိပ် အနီးမှာ ရှိတဲ့ မဟာဗျူဟာ အရ အချက်အချာ ကျတဲ့ လူနေဒေသ တခုကို သူပုန် တပ်ဖွဲ့ တွေက သိမ်းပိုက် လိုက်ပါတယ်။

အဲဒီ ရှိတ် ဆာအစ်ဒ် မြို့နယ်အနီးမှာ ရက်အတော် ကြာကြာ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေခဲ့ပြီး နောက်မှာ အခုလို သိမ်းပိုက် လိုက်နိုင်တာ ဖြစ်ပါတယ်။

အဲဒီဒေသကို သူပုန်တွေ ဘက်က သိမ်းပိုက် လိုက်တဲ့ တချိန်တည်းမှာပဲ ဒမတ်စကပ်စ် မြို့တော်ကိုလည်း အီရန် အကြီးတန်း အရာရှိကြီး တဦး ရောက်ရှိ နေပါတယ်။

အဲဒီ အီရန် အမျိုးသား လုံခြုံရေး ကောင်စီရဲ့ အကြီးအကဲ ဖြစ်တဲ့ ဆာအိဒ် ဂျာလီလီက အီရန် အနေနဲ့ ဆီးရီးယား အစိုးရ အပေါ် ဆက်လက် ထောက်ခံ အားပေး သွားမယ်လို့ ဆီးရီးယား ရုပ်မြင် ကနေ ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။