BBC navigation

ဘင်္ဂလားနဲ့ မြန်မာက ဒုက္ခသည်တွေကို သီရိလင်္ကာ ကယ်တင်

နောက်ဆုံး ရေးသားချိန် 3 ဖေဖေါ်ဝါရီလ 2013 - 23:21 GMT

သူတို့ရဲ့ ခရီးစဉ်ဟာ ဘယ်က စပြီး၊ ဘယ်ကို သွားမယ် ဆိုတာ ကိုတော့ ရှင်းရှင်း လင်းလင်း မသိရ သေးပါ

နစ်မြှုပ် လုလု ဖြစ်နေတဲ့ လှေတစီးကို သီရိလင်္ကာ ရေတပ်က နာရီပေါင်း ၂၀ ကြာ ကြိုးစား ဆယ်ယူပြီးနောက် လှေပေါ်မှာ ပါလာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ မြန်မာ နိုင်ငံက ဒုက္ခသည် ၁၃၈ ယောက်ကို ကယ်တင် နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

လှေပေါ်မှာ သေဆုံး နေသူ တယောက် ကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ သူတွေ ဟာလည်း ရေဓါတ် ခမ်းခြောက် နေတဲ့ အတွက် သူတို့ကို ဆေးကုသ နေတယ်လို့ ဆိုပါတယ်။

သီရိလင်္ကာဟာ ပြည်ပက ခိုးဝင် လာတဲ့ လှေတွေကို တားမြစ် ဖမ်းဆီး နိုင်ဖို့ ရေတပ် ကင်းလှည့် မော်တော် အရေ အတွက်ကို လောလော ဆယ်ပဲ တိုးမြှင့် ချထား ခဲ့တာ ဖြစ်ပါတယ်။

လူကုန်ကူးသူ တချို့ဟာ ပြည်ပမှာ အလုပ် အကိုင် ရှာဖွေ သူတွေကို ကတိတွေ အလွန် အကျွံပေးပြီး မလေးရှား၊ ထိုင်း နိုင်ငံနဲ့ တခြား အာရှ နိုင်ငံတွေမှာ အလုပ် ကောင်းကောင်း ရမယ်လို့ ပြောဆိုပြီး ဖျားယောင်း ခေါ်ဆောင် ကြတာ မျိုးလည်း ရှိတတ်ကြပါတယ်။

အခု ကယ်တင်ခဲ့ ကြသူတွေ ထဲမှာ ၁၄ ယောက်ဟာ မြန်မာ နိုင်ငံ ကလို့ ဆိုပါတယ်။ ကျန်တဲ့ လူတွေ ကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလို့ ဆိုပါတယ်။ အသက်ရှင် သူတွေ ထဲမှာ အမျိုးသမီးနဲ့ ကလေးငယ် တွေလည်း ပါဝင် တာကို တွေ့ရပါတယ်။

သူတို့ လှေဟာ ပင်လယ်ထဲမှာ ၁၀ ရက်ကြာ မျောပါခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ခရီးစဉ်ဟာ ဘယ်က စတင်ပြီး သူတို့ဟာ ဘယ်ကို သွားဖို့ ရည်ရွယ် ထားကြတယ် ဆိုတာ ကိုတော့ ခုထိ ရှင်းရှင်း လင်းလင်း မသိရသေး ပါဘူး။

သူတို့ဟာ ထိုင်းနိုင်ငံနားကို ရောက်ခဲ့ တယ်လို့ တချို့က ဆိုပါတယ်။ ထိုင်း နိုင်ငံနားမှာ ကမ်းခြေစောင့် တပ်ဖွဲ့က သူတို့ကို ရပ်တန့် စစ်ဆေးပြီး ပြန်လွှတ် ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကို ပြန်မလွှတ်ခင်မှာ ရိုက်နှက် ခဲ့ကြ သလို သူတို့မှာ ပါလာတဲ့ ပစ္စည်း လေးတွေ ကိုလည်း လုယူ လိုက်ကြတယ်လို့ သူတို့က ပြောပါတယ်။ သူတို့ရဲ့ ဒီပြောဆိုချက်ကို တခြား သူတွေဆီက ထပ်မံ အတည်ပြုချက် ရယူနိုင်ခြင်းတော့ မရှိပါဘူး။

မြန်မာ နိုင်ငံက ထွက်လာ သူတွေဟာ မွတ်ဆလင် ရိုဟင်ဂျာတွေ ဖြစ်ကောင်း ဖြစ်နိုင် တယ်လို့ သီရိလင်္ကာ အာဏာပိုင်တွေက ယူဆကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။