BBC navigation

အာဖဂန်-ပါကစ္စတန် လုံခြုံရေး ဗြိတိန်မှာ ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 4 ဖေဖေါ်ဝါရီလ 2013 - 17:39 GMT

အာဖဂန်နဲ့ ပါကစ္စတန် သမ္မတ နှစ်ဦးဟာ ဗြိတိသျှ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်

အာဖဂန် သမ္မတ ဟားမစ် ခါဇိုင်းနဲ့ ပါကစ္စတန် သမ္မတ အဇိအာလီ ဇာဒါရီ တို့က ၆ လ အတွင်း အာဖဂန်မှာ ငြိမ်းချမ်းရေး တည်ဆောက် နိုင်အောင် ကြိုးစား ဆောင်ရွက် သွားမယ် လို့ ပြောကြား လိုက်ပါတယ်။

သမ္မတ နှစ်ဦးဟာ ဗြိတိန်ကို အလည် အပတ် ရောက်ရှိ နေကြတာ ဖြစ်ပြီး၊ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ တွေ့ဆုံ ဆွေးနွေး မှုတွေ ပြုလုပ်ပြီး နောက် အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

အာဖဂန်နဲ့ ပါကစ္စတန် နယ်စပ် တလျှောက် တည်ငြိမ် အေးချမ်းရေး အတွက် ဘယ်လို ဆောင်ရွက် ကြမလဲ ဆိုတာကိုလည်း အဓိက ဆွေးနွေး သွားခဲ့ကြ ပါတယ်။

ရှေ့နှစ်မှာ အာဖဂန် ကနေ နိုင်ငံ တကာ တပ်ဖွဲ့တွေ ထွက်ခွာ သွားတဲ့ အခါ၊ တာလီဘန်တွေ ထပ်မံ ပုန်ကန် လာခဲ့ရင် ဘယ်လို တားဆီး ကြမလဲ ဆိုတာ ကိုလည်း ခေါင်းဆောင် တွေဟာ ဆွေးနွေး ခဲ့ပါတယ်။

အာဖဂန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး က ဘီဘီစီကို ပြောကြား ရာမှာ အာဖဂန် အနေနဲ့ တာလီဘန် တွေနဲ့ တိုက်ရိုက် စေ့စပ် ညှိနှိုင်း မှုတွေ လုပ်နိုင် ဖို့ အတွက် ပါကစ္စတန် ရဲ့ အကူ အညီကို လိုချင် တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။