BBC navigation

ဘင်္ဂလား အစ္စလာမ်ပါတီ ခေါင်းဆောင် တဦးကို ထောင်တသက်ချ

နောက်ဆုံး ရေးသားချိန် 5 ဖေဖေါ်ဝါရီလ 2013 - 15:34 GMT

မြို့ကြီး အတော် များများ မှာတော့ ဒီစီရင်ချက် အပေါ် ကန့်ကွက် ဆန္ဒပြ နေပါတယ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က ပါကစ္စတန် ကနေ ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ထူထောင်ဖို့ ကြိုးပမ်း ခဲ့တဲ့ လွတ်လပ်ရေး စစ်ပွဲ အတွင်း လူအများ အပြားကို ရက်ရက် စက်စက် သတ်ဖြတ် ခဲ့မှုနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက အဓိက အစ္စလာမ်ပါတီ ကြီးရဲ့ ထိပ်တန်း ခေါင်းဆောင် တဦးကို ထောင်ဒဏ် တသက် ချမှတ် လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ ကနေ ဖွဲ့ပေးထားတဲ့ အထူး စစ်ရာဇဝတ်မှု ခုံရုံး ကနေ ဂျမတ် အီ အစ္စလာမ်မီ ပါတီရဲ့ ခေါင်းဆောင် တဦး ဖြစ်သူ အက်ဘ်ဒူ ခါဒါ မူလာကို လက်နက်မဲ့ အရပ်သား ရာပေါင်း များစွာကို သတ်ဖြတ် ခဲ့မှုနဲ့ အပြစ် ရှိကြောင်း စီရင်ချက် ချမှတ် လိုက်တာ ဖြစ်ပါတယ်။

ဂျမတ်အီ အစ္စလာမ်မီ ပါတီ ကတော့ အထွေထွေ သပိတ် ဆင်နွှဲဖို့ ပါတီ အပေါ် ထောက်ခံသူတွေကို ဆော်သြလိုက် ပါတယ်။

မြို့တော် ဒါကား က ကျောင်းတွေ စျေးတွေလည်း ပိတ်ထားပြီး၊ မြို့ကြီး အတော် များများ မှာတော့ ဒီစီရင်ချက် အပေါ် ကန့်ကွက် ဆန္ဒပြ သူတွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေ အကြား ရုန်းရင်း ဆန်ခတ် မှုတွေ ဖြစ်ပွားခဲ့ ပါတယ်။

စစ်တကောင်း ဆိပ်ကမ်း မှာတော့ လူ တဦး သေဆုံး သွားတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။