BBC navigation

အိန္ဒိယမှာ မလိုအပ်ဘဲ သားအိမ်ခွဲစိတ်ခံနေရ

နောက်ဆုံး ရေးသားချိန် 6 ဖေဖေါ်ဝါရီလ 2013 - 01:06 GMT
india_

ခွဲစိတ်ဖို့ မလိုဘဲ သားအိမ် ခွဲထုတ်ရသူတယောက်

အိန္ဒိယ နိုင်ငံမှာ အမျိုးသမီး သောင်းနဲ့ချီပြီး မလိုအပ်ဘဲနဲ့ သားအိမ် ခွဲထုတ် ခဲ့ရတယ်လို့ အမျိုးသမီး အရေး လှုပ်ရှားသူများက ပြောဆို လိုက်ပါတယ်။

ခွဲစိတ်ခ ရလိုတဲ့ ပုဂ္ဂလိက ဆေးခန်းက ဆရာဝန် တွေက ကျန်းမာရေး သုတ နည်းပါးတဲ့ အမျိုးသမီး တွေကို မခွဲရင် ကင်ဆာ ဖြစ်လိမ့်မယ်လို့ လိမ်ညာပြီး ခွဲစိတ်ခိုင်းတာလို့ ဆိုပါတယ်။

ခွဲစိတ်ခ အမေရိကန် ဒေါ်လာ ၂ဝဝ လောက် ကျသင့်တာမို့ ခွဲစိတ်ခ ပေးဖို့ ကျွဲနွားနဲ့ ပိုင်ဆိုင်မှုတွေ ရောင်းပြီး ရှာဖွေရတဲ့ မိသားစုတွေ အများအပြား ရှိနေပါပြီ။

တချို့ရွာတွေက အမျိုးသမီး ဆယ်ယောက်မှာ ၉ ယောက်ရဲ့ သားအိမ် တွေ ခွဲထုတ်ခံရပြီး ဒီလို ခွဲထုတ်ခဲ့ရသူ တွေထဲမှာ အသက် ၂ဝ-၃ဝ အရွယ် မိန်းမပျို လေးတွေပါ ပါနေပါတယ်။

အိန္ဒိယ လူထု ကျန်းမာရေး စောင့်ရှောက်မှု စနစ် ယိမ်းယိုင်သွားချိန်မှာ ပုဂ္ဂလိက ဆေးခန်းတွေက ကွက်လပ်ဖြည့် နေရာယူလာကြတာလို့ အိန္ဒိယ ကျေးလက် ကြီးပွားရေး ဝန်ကြီး ဂျိုင်ရမ် ရာမက်ရှ် က ဆိုပါတယ်။

လူထုကြားမှာ မလိုအပ်ဘဲ ဆေးဝါးကုသမှုတွေ လုပ်ခိုင်းတဲ့ အဖြစ်တွေက ကာကွယ်ပေးဖို့ လိုအပ်ချက်တွေ အများကြီး ရှိသေးကြောင်း အိန္ဒိယ အစိုးရက လက်ခံထား တယ်လို့လဲ သူက ပြောကြားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။