BBC navigation

မာလီ အကြမ်းဖက် အုပ်စုတွေ အထိနာ

နောက်ဆုံး ရေးသားချိန် 5 ဖေဖေါ်ဝါရီလ 2013 - 22:48 GMT
mali

မြောက်ပိုင်းချီ မာလီတပ်များ

မာလီမှာ ပြင်သစ် တပ်တွေ စစ်ဆင်ရေး စပြိးနောက် တလ အတွင်း အစ္စလာမ္မစ် တပ်သား ရာနဲ့ချီပြီး သုတ်သင် နိုင်ခဲ့တယ်လို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီး Le Drian က ပြောကြား လိုက်ပါတယ်။

ဘာသာရေး စစ်ဆင်လိုတဲ့ အကြမ်းဖက် အုပ်စုတွေကို အကြီးအကျယ် အထိနာစေခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးက ပြင်သစ် ရုပ်သံက ပြောကြားပါတယ်။

စစ်ဆင်ရေး တွေ မှန်းထားတဲ့ အတိုင်း အဆင်ပြေခဲ့ရင် မတ်လ အကုန်မှာ မာလီက ပြင်သစ်တပ်တွေ ပြန်လည် ဆုတ်ခွာနိုင်မယ် မျှော်လင့်ကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရန့် ဖေဘီယပ်စ်က သတင်းစာ တစောင်ကို ပြောကြား ပါတယ်။

မာလီ ပြန်လည် တည်ငြိမ်ရေး အတွက် ကုလသမဂ္ဂ ၊ ဥရောပ သမဂ္ဂနဲ့ အာဖရိက သမဂ္ဂက ကိုယ်စားလှယ်တွေ ဘရပ်ဆဲမှာ ဆွေးနွေး နေကြပါတယ်။

မာလီ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး ဘမာကို မြို့တော်က အမျိုးသား တယောက် ကတော့ မာလီမှာ နိုင်ငံရေး အရ ကူညီဖို့ လိုအပ်နေပါတယ်၊ နိုင်ငံရေး သမား အများစုက သူတို့ ကိုယ်ကျိုးပဲ ကြည့်ကြပြီး နိုင်ငံရေး သမားကောင်းတွေ မဟုတ်ကြဘူး၊ ဒါကြောင့် နိုင်ငံရေး စစ်ပွဲ တပွဲ ထပ်လာလိမ့်အုံးမယ်လို့ သုံးသပ်သွားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။