BBC navigation

အီရန်အပေါ်ပိတ်ဆို့မှု အမေရိကန် ထပ်မံတင်းကျပ်

နောက်ဆုံး ရေးသားချိန် 7 ဖေဖေါ်ဝါရီလ 2013 - 00:39 GMT

အီရန် နျူကလီးယား စက်ရုံ

အီရန် အနေနဲ့ အစိုးရ နျူကလီးယား လက်နက် အစီအစဉ် စွန့်လွှတ်လာအောင် ဖိအားပေးတဲ့ ပိတ်ဆို့ အရေးယူတွေကို အမေရိကန်က ထပ်ပြီး တင်းကျပ် လိုက်ပါတယ်။

တရုတ် ၊ အိန္ဒိယနဲ့ တူရကီ အပါအဝင် အီရန်က ရေနံရောင်းလိုက်တဲ့ နိုင်ငံတွေက ရေနံဖိုး ပေးချေငွေတွေကို အီရန်ကို မလွှဲပေးဘဲ နိုင်ငံရင်းမှာဘဲ ထားရတော့မှာ ဖြစ်ပါတယ်။

အဲဒီ အစီအစဉ်သစ်ကို ဖောက်ဖျက်ပြီး အီရန်နဲ့ ဆက်ဆံတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဟာ အမေရိကန် ငွေကြေး ဘဏ်လုပ်ငန်းပိုင်း ဆိုင်ရာနဲ့ အဆက်သွယ် ဖြတ်တောက်ခံရမှာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ချမှတ် လိုက်တဲ့ အစီအစဉ် တွေထဲမှာ နိုင်ငံရေး အတိုက်အခံတွေကို ထိန်းချုပ်နေတယ်လို့ အမေရိကန် အစိုးရက ပြောနေတဲ့ အီရန် အစိုးရပိုင် မီဒီယာတွေကို စီးပွားရေး အရ အရေးယူ ပိတ်ဆို့ဖို့လည်း ပါဝင်ပါတယ်။

တခါ အီရန်က အကြီးဆုံး ဘဏ်တွေထဲက တခုကို ပိတ်ဆို့ အရေးယူထားရာကနေ ပြန်ရုတ်သိမ်း ပေးဖို့ ဥရောပ သမဂ္ဂ တရားရုံးက အဖွဲ့ဝင် နိုင်ငံတွေကို အမိန့်ထုတ်ပြန် ခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယား လက်နက် တပ်ဆင်ရေး အစီအစဉ်နဲ့ ဆက်စပ်နေတယ် ဆိုပြီး ၂ဝ၁ဝ ခုနှစ် တုန်းက Saderat ဘဏ်နဲ့ တခြား အီရန် အဖွဲ့အစည်း တွေကို ဥရောပ သမဂ္ဂက ပိတ်ဆို့ အရေးယူ ခဲ့တာ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂဟာ ဆာဒါရက် ဘဏ် အနေနဲ့ အီရန် နျူကလီးယား လက်နက်တပ်ဆင်ရေး အစီအစဉ်မှာ ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ အကြောင်း လုံလောက်တဲ့ အထောက်အထားတွေ မတင်ပြနိုင်ခဲ့ဘူးလို့ ဥရောပ သမဂ္ဂ အထွေထွေ တရားရုံးက ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။